မြန်မာနှစ်ဦး လွတ်မြောက်ရေး ကျောက်ဖြူတွင် ဆုတာင်းပွဲပြုလုပ်

December 26, 2015

မြန်မာနှစ်ဦး လွတ်မြောက်ရေး ကျောက်ဖြူတွင် ဆုတာင်းပွဲပြုလုပ်

ထိုင်းနိုင်ငံမှာ  သေဒဏ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦး လွတ်မြောက်ရေးအတွက်ရည်ရွယ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကံ့ကော်တောဘုရားမှာ ဒီနေ့မနက်ပိုင်းက ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ ကျောက်ဖြူမြို့၊ သာသနာ့ဗိမာန်ရှေ့မှာ လူစုပြီး ကား၊ ဆိုင်ကယ်တွေနဲ့ ၅ မိုင်လောက်ဝေးတဲ့ ကံ့ကော်တောဘုရားကို လူပေါင်း ၂၀၀ လောက် သွားရောက်ဆုတောင်းခဲ့ကြတာပါ။ ဆုတောင်းပွဲမှာ မတရားချုပ်နှောင်ခံထားရတဲ့ “ ဇော်လင်းနဲ့ ၀င်းဇော်ထွန်း အမြန်လွတ်ပါစေ၊ ဘေးရန်ကင်းပါစေ” လို့ ဆုတောင်းခဲ့ကြပြီး သစ်သီးဆွမ်းနဲ့ ဆီမီးပူဇော်တွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ သေဒဏ်ချမှတ်ခံ မောင်ဝင်းဇော်ထွန်းရဲ့ မိသားစုဝင်တွေလည်း လာရောက်ဆုတောင်းခဲ့ကြပါတယ်။ မတရားချုပ်နှေင်ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားအလုပ်သမားနှစ်ဦး လွတ်မြောက်ရေးအတွက်ရည်ရွယ်ပြီး ကျောက်ဖြူမြို့နယ်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့ ဆန္ဒထုတ်ဖော်သွားမယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - ထွန်းထွန်းနိုင်  
6 years Ago
Up