မြန်မာနှင့် အင်ဒိုနီးရှား လက်ရွေးစင်အသင်း နိုဝင်ဘာ ၄ ရက်တွင် ခြေစမ်းပွဲ ကစားမည်

A d v e r t i s e m e n t With Us

October 7, 2016

မြန်မာနှင့် အင်ဒိုနီးရှား လက်ရွေးစင်အသင်း နိုဝင်ဘာ ၄ ရက်တွင် ခြေစမ်းပွဲ ကစားမည်

မြန်မာ့လက်ရွေးစင်အသင်းနဲ့ အင်ဒိုနီးရှား လက်ရွေး စင်အသင်းတို့ရဲ့    ခြေစမ်းပွဲကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ နိုဝင်ဘာ ၄ ရက်နေ့ ယှဉ်ပြိုင်ကစားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ဟာ ၂၀၁၅ မှာ နောက်ဆုံးအကြိမ် တွေ့ဆုံထားပြီး အင်ဒိုနီးရှားက ၂-၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။ အင်ဒိုနီးရှားအသင်းဟာ  စက်တင်ဘာ ၆ ရက်က မလေးရှားအသင်းနဲ့ ခြေစမ်းပွဲကစားရာ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိထားပြီး အောက်တိုဘာ ၉ ရက်မှာ အာဆီယံထိပ်သီး ဗီယက်နမ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာ ၁၉ ရက်နေ့ ကျင်းပမယ့် ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲအတွက် မြန်မာအသင်းဟာ ပြင်ဆင်မှုတွေပြုလုပ်နေပြီး အကြိုပြင်ဆင်မှုအဖြစ် ဥရောပနိုင်ငံတွေကို ခြေစမ်းပွဲတွေ သွားရောက်ကစားနေပါတယ်။ မြန်မာနဲ့ဖိလစ်ပိုင် နှစ်နိုင်ငံ ပူးတွဲလက်ခံကျင်းပမယ့် ၂၀၁၆ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းက အုပ်စု ခ မှာ ဗီယက်နမ်၊ မလေးရှား၊ ခြေစစ်ပွဲအောင်အသင်းတို့နဲ့ ကျရောက်နေပြီး အင်ဒိုနီးရှားအသင်းက ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်အသင်းတို့နဲ့အတူ အုပ်စု က မှာ ပါဝင်နေပါတယ်။
4 years Ago
Up