မြန်မာနှင့် ထိုင်းအမျိုးသမီးအသင်းခြေစမ်းပွဲ တဂိုးစီသရေကျ

June 14, 2018

မြန်မာနှင့် ထိုင်းအမျိုးသမီးအသင်းခြေစမ်းပွဲ တဂိုးစီသရေကျ

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းတို့  ဘန်ကောက်မြို့မှာ ဇွန်လ ၁၂ ရက် ညနေက ယှဉ်ပြိုင်ကစားတဲ့ ခြေစမ်းပွဲမှာ တစ်ဖက် တစ်ဂိုးစီ သရေကျသွားပါတယ်။ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အတွက် ပြင်ဆင်နေသည့် အသင်း (၂)သင်း အကြိတ်အနုယ်ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်းမှာ ဂိုးမရှိသရေကျပြီး ဒုတိယပိုင်း ပွဲချိန် ၃မိနစ်မှာ ထိုင်းအသင်းက ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ပွဲချိန် မိနစ် ၈၀ အရောက်မှာ မြန်မာအသင်းခေါင်းဆောင်ခင်မာလာထွန်းပေးပို့တဲ့ ဘောလုံးကနေတဆင့် တိုက်စစ်မှူး ဂျူလိုင်ကျော် ချေပဂိုးသွင်းယူနိုင်ခဲ့လို့ ပွဲအပြီးမှာ  သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ဒီကနေ့ ဇွန်လ ၁၄ရက်မှာ ချောင်ဘူရီ အမျိုးသမီးကလပ်အသင်း ဇွန်လ ၁၆ရက်မှာ  ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းတို့နဲ့ ခြေစမ်းပွဲ နှစ် ပွဲဆက်လက်ယှဉ်ပြိုင်ကစားဖို့ ရှိပါတယ်။
3 years Ago
Up