မြန်မာနှင့်ကိုရီးယား ပူးပေါင်း၍ တိုက်ကွမ်ဒို သရုပ်ပြပွဲ ကျင်းပ

February 3, 2019

မြန်မာနှင့်ကိုရီးယား ပူးပေါင်း၍ တိုက်ကွမ်ဒို သရုပ်ပြပွဲ ကျင်းပ

အားကစားလှုပ်ရှားမှုကို လူငယ်တွေ စိတ်ပါဝင်စားလာစေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံ တိုက်ကွမ်ဒိုလက်ရွေးစင်အသင်းနဲ့ ကိုရီးယားနိုင်ငံ တီပီစီကလပ်အသင်းတို့က ပူးပေါင်းပြီး သရုပ်ပြပွဲတခုကို ကျင်းပခဲ့ပါတယ်။ ကိုရီးယားမြန်မာ နှစ်နိုင်ငံယဉ်ကျေးမှု ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကိုရီးယားနိုင်ငံ တိုက်ကွမ်ဒိုကလပ်အသင်းနဲ့ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုလက်ရွေးစင်အသင်းတို့ရဲ့ သရုပ်သပြပွဲတခု ကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ဘုရားဝင်းအတွင်းက ကမ်းနားလမ်း ကွင်းကြယ်မှာ ညနေ ၄ နာရီကနေ ၆ နာရီထိ ကျင်းပခဲ့တာပါ။ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားကျင်းပတာလို့ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအသင်း အသင်းအုပ်ချုပ်သူ  ဒေါ်ဝါဝါထွန်းက ပြောပါတယ်။ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုလက်ရွေးစင်အသင်း နဲ့ ကိုရီးယားနိုင်ငံ တီပီစီကလပ်အသင်းတို့ဟာ ၁ လတိတိ ပူးတွဲလေ့ကျင့်မှုတွေ ပြုလုပ်ပြီး အခုလို သရုပ်ပြပွဲကို ကျင်းပခဲ့တာပါ။  
2 years Ago
Up