မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
ဒီဗွီဘီသတင်းလွှာ
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
ဒီဗွီဘီသတင်းလွှာ
x
Search
မြန်မာနိုင်ငံတွင်း ကပ်ရောဂါသဖွယ် ပျံ့နှံ့နေသည့် စိတ်ကြွဆေးအန္တရာယ် (ရုပ်သံ)
Home
မြန်မာနိုင်ငံတွင်း ကပ်ရောဂါသဖွယ် ပျံ့နှံ့နေသည့် စိတ်ကြွဆေးအန္တရာယ် (ရုပ်သံ)
August 10, 2016
3.3K
မြန်မာနိုင်ငံတွင်း ကပ်ရောဂါသဖွယ် ပျံ့နှံ့နေသည့် စိတ်ကြွဆေးအန္တရာယ် (ရုပ်သံ)
မြန်မာနိုင်ငံတွင်းကို အိန္ဒိယနယ်စပ်ဂိတ်တွေမှတဆင့် အကန့်အသတ်မရှိ ထိုး ထွင်းဝင်ရောက်လာနေတဲ့ ဆူဒိုဖီဒရင်းပါဝင်တဲ့ ဆေးဝါးတွေမှတဆင့် မက်သာအဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါးအသုံးပြုမှုဟာ ကပ်ရောဂါသဖွယ် ပျံ့နှံ့နေပါတယ်။ ကချင်ပြည်နယ်မှာနေထိုင်တဲ့ အမျိုးသားတဦးဟာလည်း မက်သာအဖက်တမင်းလို့ ခေါ်တဲ့ ဒီယာဘမူးယစ်ဆေးပြားတွေကို အကြောထဲထိုးသွင်းအသုံးပြုနေပါပြီ။ ကမ္ဘာမှာ ဒုတိယအများဆုံးဘိန်းစိုက်ပျိုးထုတ်လုပ်သူဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ဟီး ရိုးအင်းအပြင် စိတ်ကြွမူးယစ်ဆေးဝါးအသုံးပြုမှုဟာ ကပ်ရောဂါသဖွယ်ဖြစ်လာနေပါ တယ်။ မူးယစ်ဆေးဝါးဆိုင်ရာ တာဝန်ရှိသူတွေက နိုင်ငံရဲ့ နယ်နိမိတ်မိုင်ပေါင်း ၈၀ လောက်ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံမှ ဆူဒိုဖီဒရင်းပါဝင်တဲ့ ဆေးတွေဟာ အလုံးအရင်းနဲ့ ၀င်ရောက်လာနေတာဟာလည်း ဒီပြဿနာရဲ့ တစိတ်တပိုင်းလို့ ဆိုပါ တယ်။ ဆူဒိုဖီဒရင်းဟာ မက်သာအဖက်တမင်းစိတ်ကြွမူးယစ်ဆေးဝါးတွင်း အဓိက ပါဝင်ပ စ္စည်းတမျိုးဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံမှာ အလွယ်တကူရရှိနေနိုင်တဲ့ ရင်ကြပ်ဖျားနာပျောက်ဆေးလို ဆေးတမျိုးအဖြစ်ပါဝင်နေတာမျိုးပါ။ တခါတရံမှာ မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်သူတွေဟာ ဆန်အိတ်တွေထဲမှာ သိုဝှက်သယ်ဆောင်တာမျိုး၊ ခရီးဆောင်အိတ်ထဲမှာ ထည့်ပြီး ဘတ်စ်ကားနဲ့တဆင့် သယ်ဆောင်တာမျိုးကို လွန်ခဲ့တဲ့ ၅ နှစ်ကာလကတည်းက လုပ်ဆောင်နေခဲ့ကြတာပါ။ ဒါပေမယ့် အိန္ဒိယ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကတော့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်ဖောက်ကားမှုတွေဟာ ကျဆင်းလာခဲ့ပြီလို့ ပြောပါ တယ်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (ယူအန်အိုဒီစီ) ကတော့ အိန္ဒိယနဲ့ မြန်မာ ၂ နိုင်ငံတာဝန်ရှိသူတွေအနေနဲ့ ဒါကို အဆင့်မြှင့်တင်ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောလိုက်တာပါ။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး(ယူအန်အိုဒီစီ)ရဲ့ အာရှပစိ ဖိတ်ဒေသဆိုင်ရာ အကြီးအကဲ ဂျယ်ရမီဒေါက်ဂလပ်စ်ကတော့ “ဒီမှာတွေ့ရတာကတော့ နေရာအနှံ့ မူးယစ်ဆေးဝါးမှောင်ခိုမှုတွေ၊ လူမှောင်ခိုကူးမှုတွေပါပဲ။ ဒါကြောင့်မို့ နယ်စပ် မှာ ဖြစ်နေတဲ့ ဒီကိစ္စတွေကို တိတိကျကျပူးပေါင်းလုပ်ဆောင်သင့်ပါတယ်”လို့ ပြောပါတယ်။ အိန္ဒိယနယ်စပ်တလျှောက် မြန်မာနဲ့ ၂ နိုင်ငံကြား ကုန်သွယ်မှုအခွင့်အလမ်းတွေ တိုးတက်လာစေဖို့ အစိုးရတာဝန်ရှိသူတွေက မျှော်လင့်နေကြပေမယ့် ပညာရှင်တွေကတော့ မူးယစ်ဆေးဝါးမှောင်ခိုမှုတွေနဲ့ ဆူဒိုဖီဒရင်းပါဝင်တဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေ ပိုပြီး ပျံ့နှံ့ဝင်ရောက်လာမှာကို စိုးရိမ်နေကြတာပါ။
6 years Ago
© Copyright 2021 DVB Designed and Developed by
Digit X Myanmar
.
Up