မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်

March 25, 2016

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မြန်မာလိုနှုတ်ခွန်းဆက် (ရုပ်သံ)

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရတဲ့ စကော့ မာစီရယ်လ်နဲ့ ဇနီးဖြစ်သူတို့ဟာ ဒီနေ့မနက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိပါတယ်။ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရတဲ့ စကော့ မာစီရယ်လ်က မြန်မာပြည်သူတွေကို မြန်မာလိုနဲ့ မင်္ဂလာနှုတ်ခွန်းဆက် စကားပြောကြားခဲ့တဲ့ ဗွီဒီယိုဖိုင်ကို အမေရိကန်သံရုံး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
6 years Ago

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အတ္ထုပ္ပတ္တိ ထုတ်ပြန်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရတဲ့ စကော့ မာစီရယ်လ်ဟာ ဒီနေ့မနက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိပါတယ်။ သံအမတ်ကြီးရဲ့ တရားဝင်အတ္ထုပ္ပတ္တိကို အမေရိကန်သံရုံးရဲ့ အင်တာနက်ဝက်ဘ်ဆိုက် ကနေ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ စကော့မာစီရယ်လ် သံအမတ်ကြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မတ် ၂၊ ၂၀၁၆ မှ ယနေ့အထိ သံအမတ်ကြီး စကော့မာစီရယ်လ် အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၉ရက် တွင် အမေရိကန်ပြည်ထောင်စု ဆိနိတ်မှ အတည်ပြု ခန့်အပ်ခဲ့ပါသည်။ သံအမတ်ကြီးမာစီရယ်လ် သည် မြန်မာနိုင်ငံသို့ ၂၀၁၆ ခုနှစ် မတ် ၂၅ ရက် တွင် ရောက်ရှိပါသည်။ ယခုရာထူးမတိုင်မီက သံအမတ်ကြီးမာစီရယ်လ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုတွင် အကြီးတန်းဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၂၀၁၃ ခုနှစ် သြဂုတ် မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းရာထူးတာဝန်ကို ဝါရှင်တန်၌ မထမ်းဆောင်မီ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် အရှေ့တောင်အာရှနှင့်ဆက်ဆံရေး ကို တာဝန်ယူရသော အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၏ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံရေးရာ သံအမတ်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သံအမတ်ကြီး မာစီရယ်လ် သည် နိုင်ငံခြားရေးဌာန၏လုပ်သက်ရင့်အကြီးတန်းအရာရှိတစ်ဦး ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဌာနသို့ ၁၉၈၅ ခုနှစ်တွင် စတင်ဝင်ရောက် အမှုထမ်းခဲ့သည်။ ၎င်းသည် အရှေ့တောင်အာရှ ရေကြောင်းဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ အရှေ့တောင်အာရှ ကုန်းမြေမကြီးရုံး၏ ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ ဥရောပအရှေ့တောင်ပိုင်းဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သံအမတ်ကြီး မာစီရယ်လ် သည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ဘရာဇီးလ် နှင့် တူရကီ နိုင်ငံ တို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ပြီး စီးပွားရေးနှင့်စီးပွားရေးလုပ်ငန်းများဆိုင်ရာရုံး၏ ငွေကြေးဆိုင်ရာဗျူရိုတွင်လည်း တာဝန် ထမ်းဆောင်ခဲ့ပါသည်။ သံအမတ်ကြီး မာစီရယ်လ် သည် ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောင့်တွင် ကြီးပြင်းခဲ့ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဒေးဗစ် အင် ဖလက်ချာ ဥပဒေနှင့် သံတမန်ရေးရာ ဌာန မှ ဘွဲ့ရရှိခဲ့ ပါသည်။
6 years Ago

January 29, 2016

စကော့မာစီအယ်လ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် အတည်ပြု

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်အဖြစ် သမ္မတ ဘားရက်အိုဘားမား ရွေးချယ်ထားတဲ့ စကော့မာစီအယ်လ်ကို လွှတ်တော် ကော်မတီက ဇန်န၀ါရီ ၂၈ ရက်က အတည်ပြုလိုက်ပါတယ်။ ကော်မတီ အဖွဲ့ဝင် ၁၉ ဦးလုံးက စကော့မာစီအယ်လ်ကို ကန့်ကွက်သူမရှိ တညီတညွတ်တည်းဆုံးဖြတ် ရွေးချယ်လိုက်တာလို့ ရိုက်တာ သတင်းမှာရေးပါတယ်။ သံအမတ်အဖြစ် တာဝန်မယူမီ လွှတ်တော်ရဲ့ အတည်ပြုချက်ကို စကော့ မာစီအယ်လ်က ထပ်မံ တာဝန်ယူရမှာ ဖြစ်ပါတယ်။ သူဟာ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဗျူရိုရဲ့ လက်ထောက် အတွင်းရေးမှူးဖြစ်ပါတယ်။ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ အင်ဒိုနီးရှားဆိုင်ရာ  အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ဘရာဇီးနိုင်ငံတွေမှာလည်း သူက တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ၁၉၈၅ ခုနှစ်ကတည်းက အမေရိကန် နိုင်ငံခြားရေး ဌာနာမှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ ရီပတ်ဘလီကင် အမတ် ကော်ရီဂါနာကတော့ ဒီမိုကရေစီ အစိုးရ အပြောင်းအလဲမလုပ်ဆောင်မီ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့တားမြစ်မှုကို အိုဘားမားအစိုးရအဖွဲ့က အလျင်အမြန်ဖယ်ရှားမှာကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။ လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေး ကော်မတီ အစည်းအဝေးမှာ ပိတ်ဆို့တားမြစ်မှုကို အလျင်အမြန် ဖယ်ရှားမှာမဟုတ်သလို အပြောင်းအလဲတွေကို ကွန်ဂရက်က ဆွေးနွေးသွားမယ်လို့ ပြောတယ်လို့ဆိုပါတယ်။
6 years Ago
Up