မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၌  စာတမ်းပေါင်း ၁၄၀ ကျော်တင်သွင်း

March 3, 2019

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ၇၆ မြို့နယ်အတွက် ၁ နှစ် ကန်ဒေါ်လာ ၇ သန်း အသုံးပြုမည်

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းက ၅ နှစ်တာ မဟာဗျူဟာစီမံကိန်းချမှတ်ပြီး တနှစ် ကန်ဒေါ်လာ ၇ သန်း အသုံးပြုသွားမယ်လို့ အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။   မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းက ၂၀၁၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ မဟာဗျူဟာစီမံကိန်းတရပ်ကို ဇွန်လကနေ စတင်သွားမှာပါ။ စီမံကိန်းအတွက် တနှစ်ကို ဒေါ်လာ ၇သန်း အသုံးပြုသွားမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း က မြို့နယ် ၇၆ မြို့နယ်ကို လွှမ်းခြုံနိုင်လိမ့်မယ်လို့  မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံကိန်း ဦးဆောင်သူ ဦးစန်းလင်းဦးက မတ်လ ၃ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ စီမံကိန်းမိတ်ဆက်ပွဲမှာ ပြောပါတယ်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဟာ မဟာဗျူဟာစီမံကိန်းအတွင်းမှာ အမျိုးသမီး၊ ကလေးသူငယ်၊ ပြောင်းရွှေ့ လုပ်သား၊ သက်ကြီးရွယ်အို၊ လူမျိုးစုနဲ့ ထိခိုက်ခံစားလွယ်သူ အုပ်စုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်သွားမှာပါ။ စီမံကိန်းအတွင်းမှာ ရောဂါနှိမ်နင်းတာ၊ အာဟာရ၊ ရေနဲ့သန့်ရှင်းရေး၊ ကျန်းမာရေးစနစ် မြှင့်တင်တာ၊ အရေးပေါ် အခြေအနေတွေမှာ စနစ်တကျတုံ့ပြန်မှုပြုလုပ်တာတွေကို ဆောင်ရွက်ပေးသွားမယ်လို့  မန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမျိုးသွင်က ပြောပါတယ်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဟာ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ခြောက်ခုဆီက ငွေကြေးနဲ့ နည်းပညာအကူအညီတွေ ရယူထားတာပါ။ မြန်မာနိုင်ငံက ကျန်းမာရေးလုပ်ငန်းတွေ အတွက် အစိုးရရဲ့ဘတ်ဂျက်ငွေ သုံးစွဲမှုဟာ တခြားဝန်ကြီးဌာနတွေထက် နည်းပါးနေပါတယ်။ ကျန်းမာရေးအတွက် ငွေကြေးသုံးစွဲမှုနည်းပါးနေချိန်မှာ ကျန်းမာရေးမှူးအသင်းရဲ့ ဆောင်ရွက်ချက်တွေဟာ တတပ်တအား အထောက်အကူပြတာဖြစ်တဲ့အတွက် ကြိုဆိုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စီမံကိန်းမိတ်ဆက်ပွဲမှာ ပြောပါတယ်။
2 years Ago

January 8, 2019

မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၌  စာတမ်းပေါင်း ၁၄၀ ကျော်တင်သွင်း

ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ၄၇ ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံမှာ ပညာရှင်တွေက သုတေသနလုပ်ငန်းဖွံ့ဖြိုးရေးစာတမ်း ၁၄၀ကျော် တင်သွင်းသွားဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံကို ဇန်နဝါရီ ၇ရက်ကနေ ၁၁ရက် အထိ ရန်ကုန်မြို့ ဆေးသုတေသနဦးစီးဌာနမှာ ၅ ရက်ကြာ ကျင်းပနေတာပါ။ မြန်မာနိုင်ငံမှာ ဆေးသုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုးရေးအတွက် အဓိကအခက်အခဲကတော့ နိုင်ငံတကာနည်းတူ ငွေကြေးနဲ့ နည်းပညာသုံးစွဲနိုင်ရေးဖြစ်တယ်၊ နိုင်ငံတော်ဘတ်ဂျက်မှာ ကျန်းမာရေးဘတ်ဂျက်ဟာ ၄ ရာခိုင်နှုန်းသာရှိနေတဲ့အတွက် ရထားတဲ့ဘတ်ဂျက်ကို ကျစ်ကျစ်လစ်လစ်သုံးစွဲနိုင်ဖို့ ကြိုးစားရမယ်လို့ ဆေးသုတေဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဇင်သန့်က ပြောပါတယ်။ ဒီညီလာခံမှာ ပညာရှင်တွေက သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို အသေး စိတ် စာတမ်းဖတ်ကြား တင်သွင်းနေတာဖြစ်ပြီး ရလဒ်တွေကို ပြည်သူတွေ သိအောင် သတင်းထုတ်ပြန်ပေးသွားမယ်လို့  ညီလာခံ တာဝန်ရှိ သူတဦးက ပြောပါတယ်။ စာတမ်းတွေက ရရှိတဲ့ရလဒ်တွေကို အခြေခံပြီး ပြည်သူတွေအတွက် ကျန်းမာရေး ဝန်ဆောင်မှုကောင်းတွေ ပိုပေးနိုင်အောင်လည်း ပြင်ဆင်နေတယ်လို့ ညီလာခံ ပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းမော်ထွန်းက ပြောပါတယ်။ အိမ်နီးချင်းနိုင်ငံတွေထက် နောက်ကျကျန်ရစ်နေတဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ၊ ဆေးဝါးသုတေသနလုပ်ငန်းတွေ၊ ဆေးဝါးထုတ်လုပ်တာတွေနဲ့ပတ်သက်တဲ့ ရေတိုရေရှည်နည်း လမ်းတွေကိုလည်း ညီလာခံမှာ အသေးစိတ်ဆွေးနွေးနေကြပါတယ်။ ဝန်ကြီး ဒေါက်တာ မြင့်ထွေးက လက်တွေ့အသုံးချ သုတေသနများကို ၂၀၁၇-၁၈ ခု ဘဏ္ဍာနှစ်မှာ ခွင့်ပြုဘဏ္ဍာငွေ ကျပ်သိန်း ၁၀၀၀၀ နဲ့ ၂၆၃ ခု၊ ၂၀၁၈ ခု ဘဏ္ဍာနှစ် ဧပြီလက စက်တင်ဘာလအထိ ခွင့်ပြုဘဏ္ဍာငွေ ကျပ်သိန်း ၅၀၀၀ နဲ့ ၂၁၄ ခု ဆောင်ရွက်က်ခဲ့ပြီး အခု ၂၀၁၈-၁၉ ခု ဘဏ္ဍာနှစ်မှာ လက်တွေ့ အသုံးချသုတေသနတွေ ဆောင်ရွက်ဖို့ ကျပ်သန်း ၁၅၀၀၀ ကို ခွင့်ပြုပေးထားတယ်လို့ ပြောထားပါတယ်။
2 years Ago
Up