မြန်မာမြားပစ်အားကစားအဖွဲ့

February 23, 2017

ဆီးဂိမ်းတွင် ဆုတံဆိပ်မျှော်မှန်းနိုင်သည့် မြန်မာမြားပစ်အားကစားအဖွဲ့

မြန်မာမြားပစ်အားကစားအဖွဲ့အနေနဲ့ လာမယ့်ဆီးဂိမ်းအတွက် အရင်က အောင်မြင်မှုတွေရခဲ့တဲ့ ကစားသမားတွေကို ပြန်လည်ခေါ်ယူထားတာကြောင့် ဆုတံဆိပ်တွေ ပိုမိုမျှော်မှန်းထားနိုင်တယ်လို့ သိရပါတယ်။ မြားပစ်ကစားနည်းမှာ Compound နဲ့ Recurved ဆိုပြီး အားကစားနည်း ၂ မျိုးရှိတာကနေ ပြိုင်ပွဲစုံ ၁၀ မျိုးစလုံး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို နည်းပြတွေရဲ့ ပြောကြားချက်အရ ၇၀ ရာခိုင်နှုန်းနီးပါး ရွှေတံဆိပ် မျှော်မှန်းထားနိုင်ပါတယ်။ အောင်ငှိမ်း၊ စန်းယုထွေး၊ ယောစိမ်းယ တို့လို ကစားသမားကောင်းတွေ ပြန်လည်ယှဉ်ပြိုင်မှာဖြစ်သလို မျိုးဆက်သစ်ကစားသမားတွေနဲ့လည်း ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ လတ်တလောမှာတော့ မလေးရှားမြားပစ်အသင်းက သိသိသာသာ လက်စွမ်းတွေတက်လာတဲ့အတွက် အဓိကထား ယှဉ်ပြိုင်ရဖွယ်ရှိတယ်လို့ Recurved နည်းပြ ဦးဇော်ဝင်းထိုက်က ပြောပါတယ်။ ဒါပေမယ့်လည်း အခုလူစုဖွဲ့မှုက မလေးရှားအသင်းထက် သာလွန်နေတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း Compound နည်းပြ ရဲမြတ်ဆွေက ပြောပါတယ်။ မြားပစ်အားကစားဟာ ပြီးခဲ့တဲ့ စင်ကာပူဆီးဂိမ်းမှာ အောင်မြင်မှုရခဲ့ခြင်း မရှိပေမယ့် ကြားပွဲတွေဖြစ်တဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာတော့ အောင်မြင်မှုတွေ ရရှိထားပါတယ်။ သတင်း၊ ဓာတ်ပုံ - ထက်လူ
4 years Ago
Up