မြန်မာပြည်သူများ

August 6, 2018

ရေဘေးသင့် မြန်မာပြည်သူများအတွက် ထိုင်းနိုင်ငံက ဘတ်ငွေ ၃သန်း လှူဒါန်းကူညီ

မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူတွေအတွက် ထိုင်းနိုင်ငံက ဘတ်ငွေ ၃ သန်း လှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ဒီမနက် သတင်းထုတ်ပြန်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက သြဂုတ် ၆ ရက် ဒီကနေ့ မနက်က  ဘန်ကောက်မြို့ရှိ ထိုင်းအစိုးရအဖွဲ့ရုံးမှာ သွားရောက်တွေ့ဆုံစဉ် ထိုင်းဝန်ကြီးချုပ်က ရေဘေးသင့် မြန်မာပြည်သူတွေအတွက် ကူညီထောက်ပံ့ဖို့ ဘတ်ငွေ ၃ သန်းလှူတဲ့  ကတိပြုလွှာပေးအပ်ခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့လို့ ဘေးဒုက္ခ ခံစားခဲ့ရတဲ့ မြန်မာရေဘေးသင့် ပြည်သူတွေကို ထိုင်းအစိုးရနဲ့  ထိုင်းပြည်သူတွေက ဝမ်းနည်းမိတဲ့ အကြောင်း မြန်မာသမ္မတ ဦးဝင်းမြင့်ထံ ရေးသားထားတဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာကို လည်း ထိုင်းဝန်ကြီးချုပ်က သံအမတ်ကြီးထံ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
5 years Ago
Up