မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမတ်အဖြစ်ခန့်အပ်ဖို့ သမ္မတ အိုဘားမားက အဆိုပြုထားတဲ့ ၀ါရင့်သံတမန် စကော့ အလန် မာစီရယ်ကို ဆီးနိတ်အထက်လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်နေ့က ဆီးနိတ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၉၀ ကန့်ကွက်မဲ မရှိနဲ့ အအတည်ပြုလိုက်တာပါ။
စကော့မာစီရယ်ဟာ လက်ရှိ အရှေ့ အာရှနဲ့ ပစိတ်ဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အာဆီယံနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် နိုင်ငံတွေမှာလည်း အမေရိကန်သံ အမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
အမေရိကန် သမ္မတ ဘားရတ်အိုဘားမားက စကော့မာစီရယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သမ္မတ အဖြစ် ခန့်အပ်ဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက လွှတ်တော်မှာ အဆိုပြုထားခဲ့တာ ဖြစ်ပါတယ်။
လာမယ့် ဇွန်လမှာ တာဝန်သက်တမ်း ကုန်ဆုံးတော့မယ့် လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရက်မစ်ရှဲလ်ရဲ့နေရာမှာ စကော့မာစီရယ်က ဆက်လက် တာဝန်ယူရမှာ ဖြစ်ပါတယ်။
7 years Ago