မြန်မာ့ ရုပ်သံလွှင့်မီဒီယာဥပဒေ ညီလာခံ ဒုတိယနေ့ ကျင်းပ

A d v e r t i s e m e n t With Us

March 20, 2016

မြန်မာ့ ရုပ်သံလွှင့်မီဒီယာဥပဒေ ညီလာခံ ဒုတိယနေ့ ကျင်းပ

မြန်မာ့ ရုပ်သံလွှင့်မီဒီယာဥပဒေ ညီလာခံကို ရန်ကုန်မြို့ Park Royal Hotel  မှာ ဒီကနေ့ မတ်လ ၂၀ ရက်နေ့မှာ ဒုတိယမြောက်နေ့အဖြစ် ကျင်းပနေပါတယ်။ သတင်းမီဒီယာလောကရဲ့ စိန်ခေါ်မှုတွေအပါအ၀င် ပုဂ္ဂလိကကဏ္ဍမှာ လွတ်လပ်စွာရှင်သန် လုပ်ကိုင်နိုင်မယ့် အနာဂတ်မီဒီယာလောက အခြေအနေတွေကို ဆွေးနွေး ကြတာ ဖြစ်ပါတယ်။ ဒီညီလာခံကို ဒီဗွီက ကြီးမှူးကျင်းပနေတာဖြစ်ပြီး ပြည်တွင်းပြည်ပက မီဒီယာ နဲ့ သက်ဆိုင် တဲ့ သူတွေ၊ နိုင်ငံရေးသမားတွေက ရှင်းလင်းဆွေးနွေးကြတာပါ။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ Broadcate Law နဲ့ ပတ်သတ်ပြီး အားနည်းချက်တွေရှိတဲ့အကြောင်းနဲ့ ပြင်မလား အသစ်ဆွဲမလား ဆိုတာတော့ တက်လာမယ့် အစိုးရသစ်အပေါ် မှုတည်လို့ ပြောပါတယ်။ ဆက်သွယ်ရေးဥပဒေနဲ့ ပူးဆွဲရမှာဖြစ်တဲ့အကြောင်းလည်း ဦးရဲထွဋ် ပြောသွားပါတယ်။ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ထွက်ရှိပြီး နည်းဥပဒေပဲ ထွက်ဖို့ ကျန်ရှိနေတာပါ။ ရုပ်သံလွှင့် ဥပဒေဟာ အစိုးရပိုင် မီဒီယာနဲ့ အစိုးရနဲ့ နီးစပ်တဲ့ ပုဂ္ဂလိက မီဒီယာတွေကိုပဲ လုပ်ပိုင်ခွင့် ပြုထားတယ်ဆိုပြီး ပြောဆိုနေတာတွေ ရှိနေပါတယ်။ ဓာတ်ပုံ - မျိုးဇော်လင်း  
5 years Ago
Up