မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ

A d v e r t i s e m e n t With Us

January 6, 2017

မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ပွဲကြည့်စင် ကျိုးကျ၍ ရဟန်းတချို့ဒဏ်ရာရ

ပဲခူးတိုင်း တောင်ငူမြို့မှာကျင်းပတဲ့ (၆၉) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာနဲ့ ထိုင်းရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ ပွဲကြည့်စင် မြောက်ဘက်မှ ထုတ်တန်းကျိုးကျလို့ ဦးဇင်းဦးသုန္ဒရမှာ ယာဘက်ပေါင်စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး တောင်ငူဆေးရုံကြီးကို ပို့ဆောင်ကုထားရတယ်လို့ သိရပါတယ်။ ညနေ ၅ နာရီကျော်လောက်မှာလည်း တောင်ဘက်ပွဲကြည့်စင် ထပ်မံကျိုးကျခဲ့တဲ့အတွက် တောင်ငူမြို့ (၄) မိုင်ကျေးရွာမှ မြကျိုင်းတောင်ကျောင်းမှ ကျောင်းထိုင်ဆရာတော်အပါအဝင် ဒေသခံလူ ၉ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို တောင်ငူဆေးရုံကြီးကို ထပ်မံပို့ဆောင် ကုသထားရပြီး ၅ ဦးမှာ ဒဏ်ရာမပြင်းထန်တဲ့အတွက် ဆေးဝါးကုသပေးပြီး နေအိမ်သို့ ပြန်လွှတ် လိုက်တယ်လို့လည်း သိရပါတယ်။ “ဖြစ်တာကတော့ဟုတ်ပါတယ်။ ဆိုးဆိုးဝါးဝါးတော့ မဖြစ်ပါဘူး။ ပထမတခါကပွဲစပြီး သိပ်မကြာခင်မှာ ဖြစ်တာ၊ ဦးဇင်းတပါးပဲ ခြေထောက်ထိခိုက်မိသွားတာ။ ညနေပိုင်းကြတော့ ဦးဇင်းတပါး အပါအဝင် ၉ ဦးလောက် ထိခိုက်ဒဏ်ရာရတာတွေတော့ရှိတယ်။ အကုန်လုံးဆေးရုံ ပို့ပေးလိုက်တယ်။ အသေအပျောက်တော့မရှိဘူး”လို့ ပွဲခင်းတာဝန်ကျသူတဦးက ပြောပါတယ်။ သတင်း - သားကြီး(တောင်ငူ)
4 years Ago

October 27, 2016

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပမည်

  Lethwei GP in Japan 2016 အမည်ပေးထားတဲ့ မြန်မာ့ရိုးးရာလက်ဝှေ့ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Korakuen hall မှာ အောက်တိုဘာ ၂၇ ရက် ညနေ ၆ နာရီက စတင်ကျင်းပမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ပထမဦးဆုံးအကြိမ် ရိုးရာလက်ဝှေ့ စည်းကမ်းသတ်မှတ်ချက်များနဲ့အညီ ထွန်းထွန်းမင်းနဲ့ အဒမ်(သြစတေလျ)၊ တူးတူးနဲ့ စိုးလင်းဦး၊ အသားသည်းတပွင့်နဲ့ ကြယ်စင်ဖြိုး၊ ထွန်းလွင်မိုးနဲ့ စောထူးအောင်၊ စောအယ်လေးနဲ့ စောထူးဇော်၊ မိုက်ရိုင်းနဲ့ နိုင်ငံခြားသားတဦး (စီစဉ်နေဆဲ)တို့ ထိုးသတ်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်၊၊ ပွဲစီစဉ်သူ ဦးဝဏ္ဏ(မြန်မာမီဒီယာဂရု)ကတော့ အခုလို ကျင်းပရတာကတော့ မြန်မာ့ရိုးရာ လက်ဝှေ့ကို ဂျပန်ကနေတဆင့် နိုင်ငံတကာကို ထိုးဖောက်နိုင်အောင် ကြိုးပမ်းမှုတခုအနေနဲ့ စီစဉ်တာပါလို့ ဆိုပါတယ်။ International Lethwei Federation Japan တာဝန်ခံ မစ္စတာနာခမူယ ရိုရှီယူကီ ကတော့ သူ့ရဲ့အိပ်မက်တခုအစကို (မြန်မာမီဒီယာဂရု)နဲ့အတူ ၇ လအတွင်း ဖော်ဆောင်နိုင်ပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ways of samurai နိုင်ငံတကာ ကိုယ်ခံပညာပြိုင်ပွဲမှာ မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အဆိုပါပြိုင်ပွဲစည်းကမ်းအရ ကွန်ဂိုနိုင်ငံသားကို အရှုံးပေးခဲ့ရပါတယ်။
4 years Ago
Up