မြန်မာ့ရွေးကောက်ပွဲ

A d v e r t i s e m e n t With Us

November 10, 2015

မြန်မာ့ရွေးကောက်ပွဲအလွန် တည်ငြိမ်ရေး အမေရိကန်သမ္မတအိမ်ဖြူတော် ပြော

မြန်မာပြည်မှာ ရွေးကောက်ပွဲအလွန် တည်ငြိမ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ရှေ့ရှုပြီး  အစိုးရသစ်တရပ်ကို ဖွဲ့စည်းနိုင်ဖို့ နိုင်ငံရေးခေါင်းဆောင်တွေ အားလုံး လက်တွဲ ဆောင်ရွက်ကြဖို့ အရေးကြီးတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ ရွေးကောက်ပွဲရလဒ်ကြောင့် မြန်မာပြည်အပေါ် ထားတဲ့အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ အပြောင်းအလဲ ရှိနိုင်မလားဆိုတာကတော့ ပြောဖို့ စောသေးတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူ ဂျော့ရှ် အန်းနက်က နိုဝင်ဘာလ ၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ မြန်မာပြည်သူတွေအတွက် မိတ်ဆွေအဖြစ် ဆက်ရှိနေမှာ ဖြစ်ပြီး မြန်မာပြည်မှာ မြန်မာပြည်သူတွေ လိုချင်တဲ့ အစိုးရတရပ်ပေါ်ပေါက်ဖို့ ပြည်သူတွေရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို လေးလေးနက်နက် ထောက်ခံပေးသွားမယ်လို့လည်း ဆိုပါတယ်။
5 years Ago
Up