မြန်မာနိုင်ငံက ရေးဘေးသင့်ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဒါရိုက်တာမောင်မျိုးမင်းဦးဆောင်တဲ့ နှင်းဆီအငြိမ့်အဖွဲ့က ကပြဖျော်ဖြေသွားဖို့ ရှိနေပါတယ်။
ဒီပွဲကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ပြုလုပ်တာ ဖြစ်ပါတယ်။
ဘန်ကောက်မြို့က ဖလန်စောင် စမဲဒန်း ၁၇ လမ်း၊ မွန်ကျောင်းဝိုင်းအတွင်းမှာ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီကနေ ည ၁၀ နာရီအထိ နှင်းဆီအငြိမ့်မှာ ပါဝင်တဲ့ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ မိုးယုစံ၊ မိုးပြည့်ပြည့်မောင်တို့က ကပြဖျော်ဖြေသွားမှာပါ။
ပွဲဝင်ကြေးတွေကို ဘတ် ၃၀၀ ကနေ ၅၀၀ အထိ သတ်မှတ်ထားပြီး ရရှိလာတဲ့ ငွေကြေးတွေကို မြန်မာနိုင်ငံက ရေဘေးသင့်ခဲ့တဲ့ဒေသတွေမှာ ပြန်လည်ထူထောင်ရေးအဖြစ် လိုအပ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေကို အဓိက လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
ရေဘေးသင့်ခဲ့ချိန်က သွားရောက်လှူဒါန်းခဲ့ပေမယ့် လုံလောက်မှုတွေ မရှိဘဲ ပြန်လည်ထူထောင်ရေးတွေ အတော်များများ လိုအပ်နေသေးတာကြောင့် ဒီပွဲကို ကျင်းပပြီး အလှူငွေကောက်ခံတာလို့ သိရပါတယ်။
ပွဲအပြီးမှာတော့ ကုန်ကျစရိတ်တွေနဲ့ ရလာတဲ့ဝင်ငွေတွေကို ထုတ်ပြန်ကြေညာပေးသွားမှာ ဖြစ်သလို ဒီပွဲကို ထိုင်းနိုင်ငံရောက် မြန်မာ့လူမှုအဖွဲ့အစည်းတွေက ပူးပေါင်း ကျင်းပပေးတာ ဖြစ်ပါတယ်။
7 years Ago