မြန်မာ့ဘောလုံး ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ၅ ဆင့်တက်

November 24, 2017

မြန်မာ့ဘောလုံး ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ၅ ဆင့်တက်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က နိုဝင်ဘာ ၂၃ ရက် ထုတ်ပြန်လိုက်တဲ့ အဆင့်သတ်မှတ်ချက်မှာ မြန်မာက ၅ ဆင့်တက်လာပြီး ကမ္ဘာ့အဆင့် ၁၅၀ နဲ့ အာဆီယံဒေသတွင်း အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ မြန်မာအသင်းဟာ အရင် အောက်တိုဘာလက ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ အဆင့် ၁၅၅ နေရာမှာ ရပ်တည်ခဲ့ရာက အခုလမှာ အဆင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ ဖိလစ်ပိုင်က နှစ်ဆင့်ကျပြီး ကမ္ဘာ့အဆင့် ၁၁၈၊ ဗီယက်နမ်က လေးဆင့်ကျပြီး အဆင့် ၁၂၅၊ ထိုင်းက ခြောက်ဆင့်တက်ပြီး ၁၃၂၊ မြန်မာက ၁၅၀၊ အင်ဒိုနီးရှားက ၁၅၄၊ စင်ကာပူနဲ့ ကမ္ဘောဒီးယားက ၁၇၀၊ မလေးရှားက ၁၇၄၊ လာအိုက ၁၈၄၊ ဘရူနိုင်းက ၁၉၀ နဲ့ တီမောက အဆင့် ၁၉၆ မှာ အသီးသီး ရပ်တည်နေပါတယ်။
3 years Ago
Up