မြန်မာ့ဘောလုံးအဆင့်

February 8, 2019

မြန်မာ့ဘောလုံးအဆင့် ထပ်တိုးလာ၊ အာဆီယံတွင် စတုတ္ထနေရာ ရပ်တည်

မြန်မာနိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကထက် ကမ္ဘာ့အဆင့် တဆင့်ထပ်တက်လာပြီး အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ စတုတ္တ အဆင့် ၄ နေရာက ရပ်တည်နေပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ဖေဖော်ဝါရီ ၇ ရက်နေ့ အသစ်ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့နိုင်ငံအလိုက် ဘောလုံးအဆင့် သတ်မှတ်ချက်မှာ မြန်မာက အဆင့် ၁၃၉ ကနေ အဆင့် ၁၃၈ ကို တိုးတက်လာတယ်လို့ ဖော်ပြထားတာပါ။ အာဆီယံအသင်းတွေထဲမှာတော့ လတ်တလော အာရှဖလားပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ဗီယက်နမ်က ကမ္ဘာ့အဆင့် ၉၉ နဲ့ ပထမ၊ ထိုင်းက အဆင့် ၁၁၅ နဲ့ ဒုတိယ၊ ဖိလစ်ပိုင်က အဆင့် ၁၂၃ နဲ့ တတိယနေရာမှာရှိနေပြီး မြန်မာကတော့ အဆင့် ၁၃၈ နဲ့ စတုတ္ထ အသီးသီး ရပ်တည်နေတာပါ။ မြန်မာအသင်းရဲ့ နောက်မှာတော့ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်းနဲ့ အရှေ့တီမော အသင်းတွေက အစဉ်လိုက် ရပ်တည်နေပါတယ်။ ကမ္ဘာ့အဆင့် ထိပ်ဆုံး တစ်နှစ်သုံးနေရာတွေကိုတော့ ဘယ်လ်ဂျီယံ၊ ပြင်သစ်နဲ့ ဘရာဇီးအသင်းတို့က အပြောင်းအလဲမရှိ အရင်အတိုင်း ဆက်လက်ရပ်တည်နေပါတယ်။
3 years Ago
Up