မြန်မာ့ဘောလုံး

November 30, 2018

မြန်မာ့ဘောလုံး ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် တနှစ်အတွင်း ၁၁ ဆင့်တက်လာ

မြန်မာနိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၅၀ ရှိနေရာကနေ အခုနှစ် နိုဝင်ဘာလမှာတော့ အဆင့် ၁၃၉ ကို တက်လာပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က နိုဝင်ဘာ ၂၉ ရက် ထုတ်ပြန်လိုက်တဲ့ အဆင့်သတ်မှတ်ချက်မှာတော့  မြန်မာက အရင်လကထက် နှစ်ဆင့်တက်လာပြီး ကမ္ဘာ့အဆင့် ၁၃၉ နဲ့ အာဆီယံဒေသတွင်း အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ ဗီယက်နမ်ကတော့ နှစ်ဆင့်ထပ်တက်လာပြီး ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့အဆင့် ၁၀၀ ထိ အမြင့်ဆုံး စံချိန်တင် တက်လာပါတယ်။ ဖိလစ်ပိုင်ကလည်း နှစ်ဆင့်တက်ပြီး ကမ္ဘာ့အဆင့် ၁၁၄၊ ထိုင်းက သုံးဆင့်တက်ပြီး ၁၁၈၊ အင်ဒိုနီးရှားက ၁၆၀၊ စင်ကာပူက ၁၆၅၊ မလေးရှားက ၁၆၇၊ ကမ္ဘောဒီးယားက ၁၇၂၊ မလေးရှားက ၁၇၄၊ လာအိုက ၁၈၄၊ ဘရူနိုင်းက ၁၉၅ နဲ့ တီမောက ၁၉၆ အသီးသီး ရပ်တည်နေပါတယ်။
2 years Ago

May 10, 2018

လိဒ်နည်းပြနှင့် ကစားသမားများ မြန်မာကစားသမား ၂၅၀ ကို အခြေခံဘောလုံးပညာ မျှဝေ (ဓာတ်ပုံ)

လိဒ်ယူနိုက်တက် ဖောင်ဒေးရှင်း လူငယ်ဘောလုံးလေ့ကျင့်ရေး အစီအစဉ်ကို မြန်မာလူငယ်ကစားသမား ၂၅၀ လေ့လာသင်ယူခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ လိဒ်ယူနိုက်တက်အသင်းတို့ ပူးပေါင်းကျင်းပတဲ့ လူငယ်ဘောလုံး လေ့ကျင့်သင်ကြားရေး အစီအစဉ် The Leeds United Foundation Kids Football Clinic ကို ဒီနေ့မနက်ပိုင်းက မြန်မာအမျိုးသား ဘောလုံးအကယ်ဒမီမှာ ကျင်းပခဲ့တာပါ။ လိဒ်အသင်းနည်းပြတွေနဲ့ ကစားသမားတွေက မြန်မာကစားသမား ၂၅၀ ကို အခြေခံ ဘောလုံးပညာတွေ မျှဝေသင်ကြားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဗြိတိန်သံအမတ် အင်ဒရူးပက်ထရစ်၊ လိဒ်ယူနိုက်တက်အသင်းပိုင်ရှင် ရာဒရစ်ဇာနီနဲ့ ကစားသမားတွေ တက်ရောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ - MFF  
3 years Ago
More News
Up