မြန်မာ့အကြီးဆုံး စည်တော်ကြီးကို ကောင်းမှုတော်ဘုရားသို့ သယ်ဆောင်

March 19, 2019

မြန်မာ့အကြီးဆုံး စည်တော်ကြီးကို ကောင်းမှုတော်ဘုရားသို့ သယ်ဆောင်

မြန်မာနိုင်ငံမှာ အရွယ်အစားအကြီးဆုံးဖြစ်တဲ့ စည်တော်ကြီးကို စစ်​ကိုင်းမြို့​ ကောင်းမူ​တော်​​ စေတီမြတ်​ကြီးမှာ ထားရှိဖို့အတွက် အင်းတော်မြို့ကနေ သယ်ဆောင်လာခဲ့ ပါတယ်။ စည်တော်ကြီးကို နှစ်ပေါင်း ၂၀၀ နီးပါး သက်တမ်း ရှိတဲ့ ကုက္ကိုလ်သားစစ်​စစ်​နဲ့ ထွင်းထုခဲ့တာဖြစ်ပြီး​ စည်တော်ကြီးမျက်နှာဝဟာ ၅ ပေ ၄ လက်မ၊ အရှည် ၁၀ ပေ ၈ လက်မရှိကာ ခန့်မှန်းအလေးချိန် ၀ ဒသမ ၂၅ တန်ရှိပါတယ်​။ စည်တော်ကြီး ဘေးဘက်တွေမှာတော့ ပုဂံခေတ်လက်ရာ ၁၀၈ ကွက်သော ဗုဒ္ဓခြေရာတော်စက် လက္ခဏာ​တွေကို နတ်မင်းကြီးတွေက ပူဇော်နေတဲ့သဏ္ဍာန်​​ကို ထွင်းထုထားပါတယ်​။ စည်တော်ကြီးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက စတင်ထွင်းထုခဲ့တာဖြစ်​ပြီး ဒီဇင်ဘာလမှာ​ အောင်​မြင်​စွာ ထွင်းထုပြီးစီးခဲ့တာပါ။ ရာဇမဏိစူဠာ ​ကောင်းမူ​တော်​ဘုရားကြီးကို မကျည်းစဉ်း၊ ဆွမ်းချက်​၊ ​စီတီး၊ ပုဂံရပ်​၊ တင်းတိတ်​၊ ​တောင်​ပူကုန်း၊ ​အောင်​ချမ်းသာ၊ ပဲကတိုး စတဲ့​ကျေးရွာ ၈ ရွာက​နေ ​နေ့စဉ်​အလှည့်​ကျ ဆွမ်း၊ ခဲဘွယ်​၊ ဘောဇဉ်​တို့ကို ဆက်​ကပ်​လှူဒါန်း​နေကြပြီး ဘုရားပွဲ​တော်​ကို ကဆုန်​လပြည့် သတင်းကျွတ်​၊ တန်​​ဆောင်​မုန်းလ​တွေမှာ ကျင်းပကြပါတယ်။
2 years Ago
Up