မြန်မာ့အမျိုးသားပညာ​ရေးစနစ်

February 23, 2017

မြန်မာ့အမျိုးသားပညာ​ရေးစနစ် ပြောင်းလဲရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

လာမယ့် ၅ နှစ်​တာကာလတွင်း ​ကျောင်းသားလူငယ်​တွေနဲ့ အရွယ်​​ရောက်​တဲ့ သူ​တွေကို တ​သက်​တာ ပညာသင်​ယူမှုရရှိ​စေဖို့နဲ့ အလုပ်​အကိုင်​အခွင့်အလမ်းတွေရရှိ​စေဖို့ မြန်​မာနိုင်​ငံရဲ့ အမျိုးသားပညာ​ရေး စနစ်​ကို အဓိကထား​ပြောင်းလဲရမှာ ဖြစ်​တယ်လို့ ​ဒေါ်​အောင်​ဆန်းစုကြည်​ က​ ပြောဆိုလိုက်ပါတယ်။ ဒီနေ့ မနက်ပိုင်းက ​နေပြည်​​တော်​ရှိ အပြည်​ပြည်​ဆိုင်​ရာ ဗဟိုကွန်​ဗင်းရှင်းစင်​တာ (MICC 2)မှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားပညာ​ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) စတင်​ အ​ကောင်​အထည်​​ ဖော်​ ​ဆောင်​ရွက်​ခြင်း အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ​။ "အခုဟာက ကျမတို့လာမယ့် ၅ နှစ်​တာကာလအတွင်းမှာ ​ကျောင်းသားလူငယ်​များနဲ့ အရွယ်​​ရောက်​တဲ့ သူ​တွေရဲ့ ဘဝတ​သက်​တာ ပညာသင်​ယူမှုရရှိ​စေဖို့ အလုပ်​အကိုင်​ အခွင့်အလမ်းများရရှိ​စေဖို့ မြန်​မာ နိုင်​ငံရဲ့ အမျိုးသားပညာ​ရေးစနစ်​ကို အဓိကထား​ပြောင်းလဲရမှာ ဖြစ်​ပါတယ်​။ ဒီ​ပြောင်းလဲ​ပေးရမှာက ပညာ​ရေးက​နေစရမှာပဲ အမျိုးသားမဟာဗျူဟာစီမံကိန်းကို ချမှတ်​တာက​တော့ ဟုတ်​ပါတယ်​။ စီမံကိန်း​ အောင်​မြင်​ဖို့အတွက်​ အဓိကဘာလိုအပ်​လဲဆိုတာ အားလုံးစဉ်းစားရမှာပါ။” ဒါ့အပြင် ပညာရရှိ​ရေးအတွက်​ အ​ရေးကြီးဆုံး​က​ သင်​ယူချင်​တဲ့စိတ်ဖြစ်​ပြီး ဆရာ၊ ဆရာမတွေဟာ ပညာ​ရေးမူဝါဒ​တွေကို ချမှတ်​ပြီး​တော့ အ​ကောင်​အထည်​​ဖော်​ ဦး​ဆောင်​​နေတဲ့ ပုဂ္ဂိုလ်​များဟာ နိုင်​ငံသူ နိုင်​ငံသားများအကြားမှာ အသက်​ကြီး အသက်​ငယ်​မ​ရွေး သင်​ယူချင်​တဲ့စိတ်​များ​ ပေါ်လာ​အောင်​လို့ ​ဆောင်​ရွက်​​ပေးရမှာဖြစ်​တယ်လို့ ​ဒေါ်​အောင်ဆန်း​စုကြည်​က ပြောပါတယ်။ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သင်​ယူချင်​တဲ့စိတ်​ကို လူငယ်​တွေအကြားထဲ ထွန်းကား​ အောင်​၊ သင်​​ပေးတဲ့သူ​တွေ ကိုယ်​တိုင်​က သင်​ယူချင်​တဲ့ စိတ်​ရှိဖို့လိုတယ်​လို့ ​ပြောကြားခဲ့ပါတယ်​။ အခမ်းအနားကို ပညာ​ရေးဝန်​ကြီးဌာနက ပြည်​​ထောင်​စုဝန်​ကြီးနဲ့ ဌာနဆိုင်​ရာ တာဝန်​ရှိသူ​တွေ၊ ပညာ​ရေးဖွံ့ဖြိုးမှု မိတ်​ဖက်​အဖွဲ့အစည်း ကိုယ်​စားလှယ်​ မြန်​မာနိုင်​ငံဆိုင်​ရာ သြစ​တြေးလျနိုင်​ငံ သံအမတ်​၊ UNICEF ဌာ​နေကိုယ်​စားလှယ်​နဲ့ အခြား ဖိတ်​ကြားထားသူ​တွေ တက်​​ရောက်​ခဲ့ကြပါတယ်​။ မြန်မာနိုင်ငံမှာ ​ကျေးရွာပေါင်း ၆ သောင်း​ကျော်​ရှိပြီး ​ကျေးရွာ​ပေါင်း ၃ ​သောင်း​ကျော်​မှာ​တော့ အ​ခြေခံ အလယ်​တန်း၊ အထက်​တန်း ​ကျောင်း​ပေါင်း ၃၃၂၂ ​ကျောင်းဖွင့်​လှစ်​ထား​ပြီးဖြစ်​တယ်​လို့ သိရပါတယ်​။
4 years Ago
Up