မြန်မာ့အင်တာနက်

January 14, 2016

၂၀၁၇ ခုနှစ်တွင် မြန်မာ့အင်တာနက် ယခုထက်ပို လျှင်မြန်စွာ အသုံးပြုနိုင်မည်

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ကို ဖြတ်ပြီး ဖိုင်ဘာလိုင်းသစ် တည်ဆောက်ဖို့အတွက် စင်ကာပူ အခြေစိုက် အင်တာနက်ဆက်သွယ်ရေး ကာပါနာ (Campana)ကုမ္ပဏီနှင့် အယ်ကပ်တယ် (Alcatel) နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။ ဖိုင်ဘာလိုင်းသစ်ကြီးဟာ မြန်မာ- မလေးရှား- ထိုင်း- နိုင်ငံတကာ ဆက်သွယ်ရေး  (Myanmar-Malaysia-Thailand-International Connection ) အမြန်နှုန်း တစက္ကန့်လျှင် 300 Gigabits နဲ့ ဆက်သွယ်ပေးမှာဖြစ်ပါတယ်။ “၂၀၁၅ နှစ်ကုန်မှာ မြန်မာပြည်ရဲ့  နိုင်ငံတကာ  အင်တာနက်လိုင်းကို အသုံးပြုမူက တစက္ကန့်ကို 100 gigabits ဖြစ်လာပါတယ်။ မြန်မာတပြည်လုံး သုံးဆွဲမှုရဲ့ ၃ ဆ ပိုသုံးနိုင်အောင် ကျနော်တို့လိုင်းက လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်”လို့ ကာပါနာ (Campana) ကုမ္ပဏီရဲ့ အကြီးအကဲ ဂျူလီယန် ရောလီ Julian Rawle က ပြောပါတယ်။ “အခုတည်ဆောက်မယ့် လိုင်းသစ်ကြီးကတော့ မြန်မာပြည်ရဲ့ ဒုတိယမြောက် ပင်လယ်ပြင်ဖြတ် ဖိုင်ဘာလိုင်းကြီးဖြစ်ပါတယ်။ လိုင်းသစ်ကြီးကို ခန့်မှန်းခြေ တည်ဆောက်မှုကာလ ၁၅ လ လောက်ကြာမှာဖြစ်ပြီး ၂၀၁၇ ဧပြီလမှာ စတင် အသုံးပြုနိုင်မယ်လို့ ခန့်မှန်းထားတယ်”လို့ ကာပါနာကုမ္ပဏီရဲ့ အကြီးအကဲ ဂျူလီယန် ရောလီ က ဆက်လက်ပြောဆိုပါတယ်။ လက်ရှိအသုံးပြုနေသော ပင်လယ်ပြင်ဖြတ်ဖိုင်ဘာ လိုင်းမှာ  အစိုးရပိုင် ဖြစ်တဲ့  MPT က ထိန်းချုပ်ထားပြီး အသုံးပြုမှု ဈေးနှုန်းကလည်း  အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံထက် ၂ဆ စင်ကာပူ နိုင်ငံထက် ၇ဆ လောက် ပိုပေးပြီး သုံးဆွဲနေရပါတယ်။ MYTHIC လိုင်းသစ်ကို ပင်လယ်ပြင်မှ ရန်ကုန်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ သန်လျင်မြို့ကို သွယ်တန်းမှာဖြစ်ပြီး ဘယ်အဖွဲ့အစည်းကမှ ထိန်းချုပ်မှုပြုလုပ်မှာ မဟုတ်ပဲ ငှားရမ်းခကို သက်သာဆုံးဖြစ်အောင် လုပ်ပေးထားမှာ ဖြစ်ပါတယ်။ စင်ကာပူ အခြေစိုက် အင်တာနက်ဆက်သွယ်ရေး ကာပါနာ (Campana)ကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး ဖိုင်ဘာလိုင်း တည်ဆောက်ရေး ကုမ္ပဏီကြီးဖြစ်ပါတယ်။ Ref: http://www.frontiermyanmar.net/
7 years Ago
Up