မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသားများ ကြိုတင်မဲပေး

A d v e r t i s e m e n t With Us

November 1, 2015

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသားများ ကြိုတင်မဲပေး

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် ရွေးချယ်ခံထားရတဲ့  ကစားသမားတွေနဲ့ အသင်း တာဝန်ရှိသူတွေဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မဲရုံတွေမှာ  ကြိုတင်ဆန္ဒမဲတွေ ပေးနေကြပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ဟောင်ကောင်၊ တောင်ကိုရီးယား အသင်းတွေနဲ့  ယှဉ်ပြိုင် ကစားဖို့  ရွေးကောက်ပွဲရက်မတိုင်ခင် နိုဝင်ဘာ ၅ ရက်နေ့  ရန်ကုန်ကနေ  ထွက်ခွာဖို့ရှိလို့ ခုလို  ကြိုတင်မဲတွေပေးဖို့  သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဆက်သွယ် စီစဉ်ဆောင်ရွက်ရတာလို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ - ကိုသန်းတိုးအောင် နှင့် ကိုရန်အောင်ကျော် ဖေ့စ်ဘွတ်ခ်  
5 years Ago
Up