မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း

March 18, 2019

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဗီယက်နမ်နှင့် ခြေစမ်းပွဲ ၂ ပွဲ ကစားမည်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ဗီယက်နမ်အသင်းနဲ့ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားသွားမယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ဧပြီလအတွင်း မန္တလေးမြို့မှာ ကျင်းပမယ့် ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲအကြို ကြိုတင်ပြင်ဆင်တာလို့ ဆိုပါတယ်။ အဲဒီခြေစမ်းပွဲနှစ်ပွဲကို မန္တလေးမြို့ မန္တလာသီရိကွင်းမှာ မတ် ၂၁ ရက်နဲ့ ၂၃ ရက် ညနေ ၆ နာရီအချိန်မှာ ကျင်းပမှာဖြစ်ပြီး ကွင်းဝင်ကြေး အခမဲ့ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေနဲ့ ဗီယက်နမ်အသင်းနဲ့ မချိတ်ဆက်မီ ထိုင်းအမျိုးသမီးအသင်းနဲ့ ခြေစမ်းကစားဖို့ ချိတ်ဆက်ဆောင်ရွက်ခဲ့ပေမယ့် နောက်ဆုံးအဆင့် ညှိနှိုင်းအပြီးမှာ ခြေစမ်းပွဲကို ယာယီရွှေ့ဆိုင်းခဲ့ပြီး ဗီယက်နမ်နဲ့ပွဲကို စီစဉ်ခဲ့ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
3 years Ago

June 1, 2016

မြန်မာနှင့် တောင်ကိုရီးယား အမျိုးသမီးအသင်း ခြေစမ်းပွဲအကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ တောင်ကိုရီးယားလက်ရွေးစင် အမျိုးသမီး အသင်းတို့ရဲ့ နိုင်ငံတကာ ခြေစမ်းပွဲအကြို သတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှာ ဇွန်လ ၃ ရက်နေ့ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ လာမယ့် ဇူလိုင်လအတွင်း မန္တလေးမြို့မှာ ကျင်းပမယ့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ၂၀၁၆ ဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့  ကမ္ဘာ့အဆင့်ရှိတဲ့ တောင်ကိုရီးယား အမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲ ကစားဖို့ စီစဉ်ထားပါတယ်။ ခြေစမ်းပွဲကို ဇွန်လ ၄ ရက်နဲ့ ၇ ရက်နေ့တွေမှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် AYA Bank ဖလား လေးနိုင်ငံ အမျိုးသား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကိုတော့ ရန်ကုန်မြို့မှာ ဇွန်လ ၃ ရက်ကနေ ၆ ရက်နေ့အထိ ယှဉ်ပြိုင်သွားမှာပါ။ ဒီပြိုင်ပွဲမှာ မြန်မာ၊ ဗီယက်နမ်၊ စင်ကာပူနဲ့ ဟောင်ကောင်အသင်းတွေ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
6 years Ago
Up