မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်း

July 31, 2018

တိုက်စစ်မှူး အောင်သူ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းနှင့် ပူးပေါင်းလေ့ကျင့်

မန္တလေးမြို့မှာ သြဂုတ် ၁ ရက်နေ့ စတင်ကျင်းပမယ့် ALPINE CUP 2018 လေးနိုင်ငံ ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားမယ့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းနဲ့အတူ တိုက်စစ်မှူး အောင်သူ စတင်ပူးပေါင်းလေ့ကျင့်နေပြီ ဖြစ်ပါတယ်။ ထိုင်းပရီးမီးယားလိဂ်ကလပ် ပူးလစ်တယ်ရိုအသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး အောင်သူဟာ မနေ့ကစတင်ပြီး မြန်မာ ယူ-၂၃ အသင်းနဲ့ စတင်ပူးပေါင်း လေ့ကျင့်မှုတွေ  ပြုလုပ်နေတာပါ။ ALPINE CUP 2018 လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကို အိမ်ရှင် မြန်မာယူ-၂၃ အသင်းနဲ့အတူ ဘာရိန်း ယူ-၂၃ အသင်း၊ ထိုင်းယူ-၂၃ အသင်းနဲ့ တောင်ကိုရီးယား ယူ-၁၉ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာ ယူ-၂၃ အသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁ ရက်နေ့မှာ တောင်ကိုရီးယား ယူ-၁၉ အသင်း၊ သြဂုတ် ၃ ရက်နေ့မှာ ဘာရိန်း ယူ-၂၃ အသင်းနဲ့ သြဂုတ် ၅ ရက်နေ့မှာ ထိုင်း ယူ-၂၃ အသင်းနဲ့ အသီးသီးယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။
3 years Ago
Up