မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း

January 4, 2018

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းများနှင့် ခြေစမ်းမည်

ထိုင်းနိုင်ငံမှာ လေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ ခြေစမ်းပွဲ ၄ ပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) က သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၈ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေတဲ့ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ အကြိုပြင်ဆင်တဲ့အနေနဲ့ ဇန်နဝါရီ ၃ ရက်နေ့က ထိုင်းနိုင်ငံကိုထွက်ခွာပြီး သွားရောက်လေ့ကျင့်နေတာပါ။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ ဇန်နဝါရီ ၅ ရက်နေ့မှာ ထိုင်းဖူဆယ်ကလပ် Cat Futsal Club အသင်း၊ ၇ ရက်နေ့မှာ Tha Kham Futsal Club အသင်း၊ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ထိုင်းယူ-၂၃ အသင်းတွေနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
4 years Ago
Up