မြန်မာ့ဆင် ၄ ကောင်ကို  ဂျပန်တိရစ္ဆာန်ရုံတွင် အများပြည်သူနှင့် မိတ်ဆက်

April 10, 2019

မြန်မာ့ဆင် ၄ ကောင်ကို  ဂျပန်တိရစ္ဆာန်ရုံတွင် အများပြည်သူနှင့် မိတ်ဆက်

မြန်မာနိုင်ငံက လှူဒါန်းထားတဲ့ ဆင် ၄ ကောင်ကို ဂျပန်ပြည်သူတွေနဲ့ မိတ်ဆက်ပွဲ အခမ်းအနားတရပ်  ဟိုကိုင်းဒိုးခရိုင်၊ ဆာပိုရိုမြို့ရှိ မာရူယာမ တိရစ္ဆာန်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ မာရူယာမ တိရစ္ဆာန်ရုံမှာ  တိရစ္ဆာန်မျိုးစုံ မျိုးစိတ်ပေါင်း ၁၆၈ မျိုး ပြသထားပေမယ့် ဆင်မျိုးစိတ် ထားရှိနိုင်ခြင်း မရှိတာ  (၁၂) နှစ် ကြာမြင့်ပြီ ဖြစ်လို့ မြန်မာနိုင်ငံက လှူဒါန်းတဲ့ ဆင် ၄ ကောင်ကို ကလေးသူငယ်တွေ အပါအဝင် ဆာပိုရိုမြို့သူမြို့သားတွေနဲ့ ဟိုကိုင်းဒိုးဒေသခံ ပြည်သူ တွေအများအပြား လာရောက် ကြည့်ရှုခဲ့ကြပါတယ်။ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကလည်း ဧပြီလ ၁၀ရက်က မာရူယာမ တိရစ္ဆာန်ရုံကို  မြန်မာ့ ဆင် ၄ ကောင် လှူဒါန်းတာနဲ့ အများပြည်သူထံ မိတ်ဆက်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ မာရူယာမ တိရစ္ဆာန်ရုံဟာ ဆာပိုရိုမြို့ အနောက်ဘက် မာရူယာမ ပန်းခြံအတွင်း တည်ရှိပြီး ၁၉၅၁ ခုနှစ် မေလ ၅ ရက်မှာ  စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ-MOFA
3 years Ago
Up