မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ၀င်ရောက်ရန် ဗီယက်နမ်စစ်တပ်ပိုင်ကုမ္ပဏီ အစီအစဉ်များ ကြေညာ

April 21, 2016

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ၀င်ရောက်ရန် ဗီယက်နမ်စစ်တပ်ပိုင်ကုမ္ပဏီ အစီအစဉ်များ ကြေညာ

၃ နှစ်အတွင်း လူဦးရေ ၉၅ ရာခိုင်နှုန်းကို ဆယ်သွယ်ပေးနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်အပါအ၀င် မြန်မာ့ဆက်သွယ်ရေး မိုဘိုင်းဖုန်း ဈေးကွက်မှာ ၀င်ရောက်ဖို့ ဗီယက်နမ်စစ်တပ်ပိုင် ဗီတယ်လ်က အစီအစဉ်အသေးစိတ်ကို ကြေညာလိုက်ပါတယ်။ ဗီတယ်ဟာ မြန်မာနည်းပညာနဲ့ တခြား ကုမ္ပဏီ ၁၁ ခုနဲ့ ပူးတွဲလုပ်ကိုင်ဖို့အတွက် အရွေးချယ်ခံရတဲ့ ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်ခွင့်ရတဲ့ ၄ ခုမြောက် ကုမ္ပဏီလည်း ဖြစ်ပါတယ်။ 900-MHzနဲ့ 2100-MHz 3G သီးသန့် ကွန်ရက်ကို လုပ်ဆောင်သွားမယ့် အစီအစဉ်ကို ထုတ်ဖော်ခဲ့သလို 4G၀န်ဆောင်မှုကိုလည်း ပေးအပ်သွားဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ အကျိုးတူကုမ္ပဏီတွေက စုစုပေါင်း ဒေါ်လာ ၁.၅ ဘီလီယံ ရင်းနှီးမှာ ဖြစ်ပြီး ဗီတယ်က ၄၉ ရာခိုင်နှုန်း ရှယ်ယာ ရရှိမှာ ဖြစ်ပါတယ်။
6 years Ago
Up