မြန်မာ့စပါးအုံးမြွေ နိုင်ပါစေ

June 29, 2018

မြန်မာ့စပါးအုံးမြွေ နိုင်ပါစေ - အမေရိကန်သံရုံး ဆုတောင်း (ရုပ်သံ)

  မြန်မာ့စပါးအုံးမြွေလို့ နာမည်ကြီးတဲ့ One Championship မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ဟာ ဒီကနေ့ညပိုင်းမှာ ချန်ပီယံကာကွယ်ပွဲအဖြစ် ဂျပန်နိုင်ငံက ဟက်ဆီဂါဝါနဲ့ ထိုးသတ်သွားဖို့ ရှိနေပါတယ်။ ဒီပွဲစဉ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပြိုင်ပွဲမှာ အနိုင်ရစေဖို့ ဆုတောင်းပေးတဲ့ အမှတ်တရ ရုပ်သံဗွီဒီယိုဖိုင်တခုကို တင်လိုက်ပါတယ်။ အဆိုပါ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အောင်လအန်ဆန်ဟာ အမေရိကန် မရိန်းတယောက်နဲ့ MMA သတ်ပုတ်နည်းတွေကို သရုပ်ပြနေခဲ့တာကို တွေ့ရမှာပါ။ ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာတော့ “မြန်မာ့စပါးအုံးမြွေလို့ နာမည်ကြီးတဲ့ အောင်လအန်ဆိုင်းဟာ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင် ထိုးသတ်ဖို့အတွက် မြန်မာနိုင်ငံကို ပြန်ရောက်နေပါတယ်။ မိမိတို့ကတော့ သူ ဒီပြိုင်ပွဲမှာ အနိုင်ရပါစေလို့ ဆုတောင်းပေးပါတယ်။ အောင်လအန်ဆိုင်းက အမေရိကန် မရိန်းတယောက်နဲ့အတူ သူ့ရဲ့ MMA သတ်ပုတ်နည်းတွေကို သရုပ်ပြတဲ့ ဗီဒီယိုလေးကိုလည်း ကြည့်ရှုကြပါဦး။ မြန်မာ့စပါးအုံးမြွေ နိုင်ပါစေ”လို့ ရေးသားထားပါတယ်။
3 years Ago
Up