မြန်မာ့ဂီတနှင့် နိုင်ငံတကာဂီတ ပေါင်းစပ်ဖျော်ဖြေခဲ့သည့် ဂီတပွဲတော်

A d v e r t i s e m e n t With Us

June 17, 2019

မြန်မာ့ဂီတနှင့် နိုင်ငံတကာဂီတ ပေါင်းစပ်ဖျော်ဖြေခဲ့သည့် ဂီတပွဲတော်

၂၀၁၉  Myanmar music festival ဂီတပွဲတော်ဖျော်ဖြေပွဲကို ရန်ကုန်မြို့တော်ခန်းမမှာ ဇွန်လ ၁၆ ရက်ညက  ကျင်းပခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲမှာ မြန်မာ၊ ဗီယက်နမ်၊ မလေးရှား၊ ဟောင်ကောင်၊ ကိုရီးယား၊ အမေရိကန် စတဲ့ ဂီတပညာရှင်တွေကနေ နိုင်ငံတကာရိုးရာသီချင်းတွေကို ဖျော်ဖြေရာမှာ စန္ဒယား၊ ဘင်ဂျို၊ တယော၊ ပတ္တလားစတဲ့ တူရိယာတွေနဲ့ တီးခတ်ဖျော်ဖြေခဲ့တာကြတာပါ။ အခုလို ဂီတဖျော်ဖြေပွဲ ကျင်းပခြင်းဟာ မြန်မာ့ဂီတကို နိုင်ငံတာကာဂီတနဲ့ ပေါင်းစပ်တာ ဖြစ်ပြီး  မျိုးဆက်သစ်လူငယ်တွေပါဝင်လာကာ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ရန်ကုန်မြို့တော်ဝန်က အဖွင့်အမှာစကားမှာ ပြောသွားပါတယ်။ မြန်မာဂီတပွဲတော်ကို မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနစ်ထဲက ကျင်းပလာခဲ့တာမှာ ဒီနှစ်မှာဆိုရင် ပြည်နယ် ၉ ခုက မျိုးဆက်သစ် လူငယ် ၂၄ ယောက်နဲ့ ပူးပေါင်းတင်ဆက်ခဲ့တာပါ။ ချမ်းမြေ့မောင်
2 years Ago
Up