မြန်မာရွှေ့ပြောင်းလုပ်သား

January 2, 2019

တနှစ်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၇၅၀၀၀ ခန့် ထိုင်းနိုင်ငံက ပြန်ပို့

ထိုင်းနိုင်ငံမှာ နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်တာနဲ့ အထောက်အထားမဲ့ နေထိုင်တာတွေကြောင့် ၂၀၁၈ ခုနှစ် တနှစ်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၇၅,၀၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက် ပြန်လွှဲပြောင်းပေးခဲ့ရပါတယ်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကတဆင့် တာချီလိတ်မြို့ကို အလုပ်သမား ၆၅၁ ဦး၊ မဲဆောက်မြို့က တဆင့် မြဝတီမြို့ကို ၇၀၇၄၀ ဦး၊ ရနောင်းမြို့ကတဆင့် ကော့သောင်းမြို့ကို ၃၃၄၀ ဦး၊ စုစု​ပေါင်း ၇၄၇၃၁ ဦးကို နယ်စပ်ဂိတ်တွေကတဆင့် လွှဲပြောင်းပေးအပ်ခဲ့တာလို့ ဘန်ကောက်ရှိ အလုပ်သမား သံအရာရှိရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတွေကို ပွဲစားတွေက တရားမဝင်လမ်းတွေကတဆင့် ခေါ်ဆောင်လာလို့ အခက်အခဲတွေ့ပြီး အလုပ်သမား သံအရာရှိရုံးကို ဆက်သွယ် အကူအညီ တောင်းခံလာသူပေါင်း ၂၄၆ ဦး ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်လိုသူတွေ အနေနဲ့ လူကုန်ကူးမခံရစေဖို့၊ မှန်ကန်တဲ့ ရွှေ့ပြောင်းသွားလာမှု ဖြစ်စေဖို့နဲ့ တရားဝင် အလုပ်သွားလုပ်နိုင်မယ့် နည်းလမ်းတွေ၊ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ မြို့နယ်အသီးသီးမှာ ဖွင့်လှစ်ထားတဲ့ အလုပ်အကိုင်နဲ့ အလုပ်သမား ရှာဖွေရေးရုံးတွေကို ဆက်သွယ်မေးမြန်းကြဖို့ အလုပ်သမား သံအရာရှိရုံးက တိုက်တွန်းထားပါတယ်။
2 years Ago

October 3, 2018

မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၀ ကျော် မဲဆောက်တွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့၊ မဲ့ကစာတိုက်နယ်မှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား  ၁၃၃ဦးကို ထိုင်းအာဏာပိုင်တွေက အောက်တိုဘာ ၃ရက် မနက်က ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့၊ လ၀က၊ နယ်စပ်ရဲ၊ စစ်တပ်နဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး  ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်တဲ့ နေအိမ်တွေကို ၀င်ရောက်စစ်ဆေး ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ အမျိုးသား ၈၇ ဦး၊ အမျိုးသမီး ၃၀ ဦး ပါဝင်ပြီး ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်ရှိသူ ၆၉ ဦး၊ အထောက်ထားမရှိသူ ၅၈ ဦးနဲ့ နေထိုင်ခွင့် သက်တမ်းကုန်သူ ၆ ဦးတို့ ပါဝင်ပါတယ်။ သတင်း - ဖိုးစီ
3 years Ago
More News
Up