မြန်မာရွှေတံဆိပ်ဆု ဆွတ်ခူး

June 16, 2015

နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းဗိုလ်လုပွဲတွင် မြန်မာရွှေတံဆိပ်ဆု ဆွတ်ခူး (ရုပ်သံ)

စင်ကာပူဆီးဂိမ်းပြိုင်ပွဲ ပိုက်ကျော်ခြင်း အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲဗိုလ်လုပွဲမှာ မြန်မာက ဇော်ဇော်အောင်၊ အောင်မျိုးဆွေနဲ့ ဇော်လတ် တို့ပါဝင်တဲ့ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိပြီး ရွှေတံဆိပ်ဆွတ်ဆူးရရှိခဲ့ပါတယ်။ ဇွန်လ ၁၅ ရက်နေ့မှာ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ မြန်မာက ပထမပွဲငယ်မှာ (၂၀-၂၂)နဲ့ ဖိလစ်ပင်းကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲငယ်မှာ (၂၁-၁၃)မှတ်၊ တတိယပွဲငယ်မှာ (၂၁-၁၆)မှတ်နဲ့ နှစ်ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ရွှေတံဆိပ်ကို ဆွတ်ခူးခဲ့တာပါ။
6 years Ago
Up