မြန်မာရေတပ်

January 6, 2017

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသင်္ဘောကို မြန်မာရေတပ်က ပစ်ခတ်ခဲ့ခြင်းမရှိဟု အစိုးရငြင်းဆို

မြန်မာရေတပ်က ပစ်ခတ်လို့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦး ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာအခြေစိုက် The Daily Star အွန်လိုင်းသတင်းမှာ ဒီဇင်ဘာ ၂၇ ရက် က ဘင်္ဂလားပင်လယ်အော်၊ စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေတစ်စီးကို မြန်မာရေတပ် သင်္ဘောတစ်စီးကလိုက်လံ ပစ်ခတ်ခဲ့လို့ ငါးဖမ်းသမား ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ရေးသားခဲ့တာပါ။ ဒီသတင်းနဲ့ ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) သို့ ဆက်သွယ်စုံစမ်းခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသင်္ဘောကို တပ်မတော် (ရေ) က ပစ်ခတ်ခဲ့တာမရှိဘူးလို့ သိရတဲ့ အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိကတော့ ဘင်္ဂလားပင်လယ်အော်ထဲ နှစ်နိုင်ငံနယ်စပ်မှာ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၁၄ ယောက်ပါလာတဲ့ ငါးဖမ်းစက်လှေကို မြန်မာရေတပ်သင်္ဘောတစီးက သတိမပေးဘဲပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ယောက်ဟာ ခြေထောက်နဲ့ လက်တွေမှာ သေနတ်ဒဏ်ရာရပြီး ကော့်ဇ်ဘဇားမြို့က ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၂၉ ရက်က ဆင့်ခေါ်ကန့်ကွက်ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြပါတယ်။
5 years Ago

December 28, 2016

မြန်မာရေတပ်ပစ်ခတ်၍ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးဒဏ်ရ

မြန်မာရေတပ်က ပစ်ခတ်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦး ဒဏ်ရာရသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြ ပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲ နှစ်နိုင်ငံနယ်စပ်မှာ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၁၄ ယောက်ပါလာတဲ့ ငါးဖမ်းစက်လှေကို မြန်မာရေတပ်သင်္ဘောတစီးက မနေ့က ၀င်ရောက်လာပြီး သတိမပေးဘဲပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ အရာရှိက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ ငါးဖမ်းသမား ၄ ယောက်ဟာ ခြေထောက်နဲ့ လက်တွေမှာ သေနတ်ဒဏ်ရာရပြီး ကော့်ဇ်ဘဇားမြို့က ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။ ကိုးကား - http://bdnews24.com
5 years Ago
Up