မြန်မာဘောလုံးအဖွဲ့ချုပ် ဒေါ်လာ ၂ သောင်းခွဲကျော် ပြစ်ဒဏ်ချမှတ်ခံရ

A d v e r t i s e m e n t With Us

August 31, 2016

မြန်မာဘောလုံးအဖွဲ့ချုပ်နှင့် ဘောလုံးနည်းစနစ် သုံးသပ်ချက် ၀က်ဘ်ဆိုက် စာချုပ်ချုပ်

နိုင်ငံလက်ရွေးစင် ဘောလုံးအသင်းတွေရဲ့ တစ်ဦးချင်းနဲ့ အသင်းလိုက်စွမ်းဆောင်ရည်နဲ့  နည်းစနစ်ပိုင်း သုံးသပ်ချက်တွေအတွက် လူသိများတဲ့ ဘောလုံးသုံးသပ်ချက်ဆော့ဝဲလ် ဝက်ဘ်ဆိုက် InStat နဲ့ စာချုပ် ချုပ်ဆိုလိုက်ပြီလို့  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ဒီဆော့ဝဲလ်ဟာ ပြိုင်ပွဲတခုအတွင်း စွမ်းဆောင်ရည် သုံးသပ်ချက်၊ တစ်ပွဲချင်း သုံးသပ်ချက်၊ ကစားသမား တစ်ဦးချင်း ပွဲအပြီး သုံးသပ်ချက်၊ အသင်းလိုက် ပွဲပြီး သုံးသပ်ချက် စတာတွေပါဝင်ပြီး အသင်းတွေ လေ့ကျင့်ပြင်ဆင်ရာမှာ  များစွာအထောက်အကူ ရရှိနိုင်လို့  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ၁၈ လ သက်တမ်းရှိ စာချုပ်ကို ချုပ်ဆို ၀ယ်ယူခဲ့တာလို့ဆိုပါတယ်။ InStat အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်း၊ မလေးရှား ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့ လက်ရွေးစင် ယူ-၂၂ အသင်း၊ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းနဲ့  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း တွေအတွက် လေ့လာသုံးသပ်ချက်တွေလုပ်သွားဖို့ရိတယ်လို့ သိရပါတယ်။ မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ် မစ္စတာ ဂတ်ဆီဇီကတော့ ခုလို InStat နဲ့ စာချုပ်လိုက်တာ လက်ရွေးစင်အသင်းတွေအတွက် နည်းစနစ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို အသေး စိတ် ထောက်ပြနိုင်မှာ ဖြစ်လို့ အရမ်းကောင်းမွန်တဲ့အကြောင်း  အဖွဲ့ချုပ် အနေနဲ့ တစ်ကယ့်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခဲ့တာ ဖြစ်ပါတယ်လို့ပြောတဲ့အကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် လူမှုကွန်ရက်မှာ ပြောပါတယ်။ InStat ရဲ့ ၀န်ဆောင်မှုတွေကို မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူး၊ ပီအက်စ်ဂျီ စတဲ့ ကမ္ဘာကျော် ကလပ်အသင်းတွေ မှာ အသုံးပြုသလို  အာဆီယံ ဒေသတွင်းနိုင်ငံတွေက လက်ရွေးစင်အသင်းတွေမှာလည်း အသုံးပြုတယ်လို့ သိရပါတယ်။
5 years Ago

October 25, 2015

မြန်မာဘောလုံးအဖွဲ့ချုပ် ဒေါ်လာ ၂ သောင်းခွဲကျော် ပြစ်ဒဏ်ချမှတ်ခံရ

ဘောလုံးပွဲကြည့် ပရိသတ်တွေရဲ့ စည်းကမ်းမဲ့မှုကြောင့် မြန်မာဘောလုံးအဖွဲ့ချုပ်ကို အာရှ ဘောလုံးအဖွဲ့ချုပ် AFC က အမေရိကန်ဒေါ်လာ  ၂၅,၅၀၀ ပေးဆောင်ဖို့ နဲ့ ပရိသတ်မပါဘဲ ပွဲစဉ်တပွဲကစားဖို့ ကွင်းပိတ်ပြစ်ဒဏ်တွေ အရေးယူ ချမှတ်လိုက်ပါတယ်။ အောက်တိုဘာလဆန်းပိုင်းက  မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့  ၂၀၁၆ အာရှ ယူ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲစဉ်တွေအတွင်း ပရိသတ်တဦး ကွင်းအတွင်း ၀င်ရောက်လာတာ၊ ပရိသတ်အချို့က ရေဘူးနဲ့ ပစ်ပေါက်ခဲ့တာနဲ့ မီးကျည်ဖောက်ခဲ့ တာတွေအတွက် အာရှ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အရေးယူလိုက်တာလို့ မြန်မာ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာ ယူ၁၉ နဲ့ ဟောင်ကောင် ယူ ၁၉ တို့ပွဲစဉ်မှာ ဟောင်ကောင် အသင်းက မြန်မာအသင်းကို ဦးဆောင်ဂိုး သွင်းပြီးချိန်  ပရိသတ်တဦးက ကွင်းအတွင်း ၀င်ရောက်လာမှုကြောင့် ဒဏ်ငွေ ဒေါ်လာ ၆,၀၀၀ ပေးဆောင်ဖို့နဲ့   ပြိုင်ပွဲလုံခြုံရေးအစီအစဉ် ချို့ယွင်းမှုကြောင့် ဒေါ်လာ ၄,၅၀၀ ပေးဆောင်ဖို့ ဒဏ်တပ်ခံရပါတယ်။ အလားတူ  မြန်မာ ယူ၁၉ နဲ့  ဗီယက်နမ် ယူ ၁၉ ပွဲစဉ်မှာလည်း   ကွင်းအတွင်း ပရိသတ်တွေရဲ့  အပြုအမူကြောင့် ဒေါ်လာ ၇၅၀၀ ပေးဆောင်ဖို့နဲ့ လုံခြုံရေး အစီအစဉ် အားနည်းချို့ယွင်းမှုကြောင့် ဒေါ်လာ ၇,၅၀၀ ပေးဆောင်ဖို့  စုစုပေါင်း ဖြစ်ရပ် (၄) ခုအတွက် ဒေါ်လာ (၂၅,၅၀၀) ပေးဆောင်ဖို့ ဒဏ်တပ်ခံရတာပါ။ ဒါ့အပြင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် AFC ဘောလုံး ပြိုင်ပွဲတပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ် ကစားဖို့လည်း ပြစ်ဒဏ်ချမှတ်ခဲ့ပြီး  အလားတူ ဖြစ်ရပ်တွေ   ထပ်မံဖြစ်ပွားပါက ပိုမိုကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမယ်လို့လည်း အာရှ ဘောလုံး အဖွဲ့ချုပ်က အသိပေးကြေညာထားပါတယ်။
5 years Ago
Up