မြန်မာဘောလုံးသမားများကိုလေ့လာပြီး လိုက်ဖက်မည့် ပုံစံချမှတ်မည်ဟု နည်းပြချုပ်သစ်ပြော

May 17, 2018

မြန်မာဘောလုံးသမားများကိုလေ့လာပြီး လိုက်ဖက်မည့် ပုံစံချမှတ်မည်ဟု နည်းပြချုပ်သစ်ပြော

  မြန်မာ့လက်ရွေးစင် ဘောလုံးသမားတွေရဲ့ အားသာချက်ကို လေ့လာပြီး အသင်းနဲ့ လိုက်ဖက်မယ့် ပုံစံကိုချမှတ်သွားမယ်လို့ လက်ရွေးစင်အသင်း နည်းပြချုပ်သစ်ကပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဂျာမန်နည်းပြ အန်တွန်မီနေးကို နည်းပြချုပ်အဖြစ် တစ်နှစ်ခွဲစာချုပ်နဲ့ ခန့်အပ်လိုက်ပြီး နောက်ထပ်ဂျာမန်လောက်ထောက်နည်းပြ နှစ်ဦးကိုလည်း တစ်ပါးတည်းခန့်အပ်ခဲ့တာပါ။ မြန်မာနည်းပြ အန်တွန်နီဟေးဟာ အာဖရိကအသင်းတွေဖြစ်တဲ့ လီဆိုသို ၊လိုက်ဘေးရီးယား၊ ရ၀မ်ဒါအသင်းတွေကို နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး အာရှအသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ အတွေ့အကြုံသိပ်မရှိပါဘူး။ မြန်မာနည်းပြသစ်ဖြစ် လာတဲ့ အန်တွန်နီဟေးကတော့ မြန်မာကစားသမားတွေရဲ့ အကြောင်းကို သေချာမသိရှိသေးဘဲ သူတို့နဲ့ လိုက်ဖက်မယ့် ကစားပုံကိုကြည့်ပြီး  ကြိုးစား တည်ဆောက်မယ်လို့ပြောပါတယ်။ “ကျနော်တို့မှာရှိတဲ့ ကစားသမားတွေတွေရဲ့ ခြေစွမ်းအပေါ်မူတည်ပြီး ပြင်ဆင်ရမှာပါ။ ကစားသမားတွေရဲ့ အရည်အသွေးနဲ့ တစ်ဦးချင်းခြေစွမ်းကို သေချာမသိရသေးဘဲ ဘယ်လို နည်းစနစ်နည်းဗျူဟာနဲ့ ကစားမလဲဆိုတာ ပြောလို့မရပါဘူး။ အသင်းက ကစားသမားတွေရဲ့ အားသာချက်တွေကို သေချာလေ့လာပြီးမှ ဘယ်လိုကစားကွက်နဲ့ ကစားမလဲ ဆိုတာ သတ်မှတ်မှာပါ။ ပထမဆုံးအနေနဲ့ ကျနော်တို့မှာ  ဘာတွေရှိမလဲကြည့်မယ်၊ ပြီးတော့မှ အစီအစဉ်ချက်မှတ်ပြီးတော့ အနိုင်ရမယ့် နည်းလမ်း ကို ချမှတ်မှာပါ” မြန်မာ့လက်ရွေးစင်အသင်းဟာ အနီးဆုံးပွဲစဉ်အဖြစ် လာမယ့်မေလ၂၆ရက်မှာ တရုတ်လက်ရွေးစင်နဲ့ တရုတ်နိုင်ငံမှာ သွားရောက် ခြေစမ်းကစားဖို့ရှိပါတယ်။ အဲဒီပွဲအပြီးမှာတော့ Asia Game ခြေစစ်ပွဲတွေနဲ့ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကစားဖို့ရှိနေပါတယ်။
4 years Ago
Up