မြန်မာဘောလုံး

July 16, 2018

ပဏာမ ကစားသမား ၂၆ ဦးစာရင်း နည်းပြ အန်တွမ်နီဟေး ထုတ်ပြန်

Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲနဲ့ ၂၀၁၈ အာရှအားကစားပွဲတော်တို့အတွက် ပဏာမကစားသမား ၂၆ ဦးစာရင်းကို နည်းပြ အန်တွမ်နီဟေးက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ပဏာမ ကစားသမား ၂၆ ဦးနဲ့ ဇူလိုင် ၂၃ ရက်နေ့ကစပြီး မန္တလေးမြို့မှာ စတင်လေ့ကျင့်မှာဖြစ်ပြီး ၂၃ နှစ်အထက် ကစားသမား ၃ ဦးအထိ ရွေးခွင့်ရှိတာကြောင့် ပဏာမလူစာရင်းမှာ ၄ ဦးအထိ ထည့်သွင်းတယ်လို့ နည်းပြက ပြောကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ “အသင်းရဲ့ ကျောရိုးကစားသမားတွေကို အဓိက ရွေးချယ်ထားပါတယ်။ ဂိုးသမား ၄ ဦး ပါပါတယ်။ အာရှအားကစားပွဲတော်ကို ကစားသမား ၂၀ ပဲ ခေါ်သွားရမှာပါ။ ဂိုးသမားဆိုရင် ၂ ဦးပဲ ရွေးခွင့်ရှိပါတယ်။ ဒါဟာ ကစားသမားတွေအကြား နောက်ဆုံးလူစာရင်းမှာ ပါဝင်ဖို့ အရမ်းကို ပြိုင်ဆိုင်မှုပြင်းထန်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အခုလူစာရင်းကို ကြည့်မယ်ဆိုရင် အတွေ့အကြုံရင့် ကစားသမားတွေနဲ့ တက်သစ်စ လူငယ်ကစားသမားတွေ ပေါင်းစပ်ပါဝင်နေတာ တွေ့ရမှာပါ။ ကျနော်တို့အားလုံး လေ့ကျင့်ပြင်ဆင်ချိန်ကာလကို ရောက်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ Alpine Cup မတိုင်ခင် ၂၃ ဦးအထိ လျှော့ချမှာဖြစ်ပြီး ပြိုင်ပွဲအပြီးမှာ နောက်ဆုံး လူ ၂၀ စာရင်းကို ထုတ်ပြန်သွားမှာပါ။" မြန်မာ ယူ ၂၃ အသင်း (အိုလံပစ်အသင်း) အနေနဲ့ လာမယ့် ဇူလိုင် ၂၃ ရက်နေ့ မန္တလေးမြို့မှာ လေ့ကျင့်မှုတွေ စတင်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ Alpine Cup 2018 ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဉ်အဖြစ် သြဂုတ် ၁ ရက်နေ့မှာ တောင်ကိုရီးယား ယူ ၁၉၊ သြဂုတ် ၃ ရက်နေ့တွင် ဘာရိန်း ယူ ၂၃၊ သြဂုတ် ၅ ရက်နေ့မှာ ထိုင်းယူ ၂၃ အသင်းတို့နဲ့ အာရှဖလားပွဲကြိုအဖြစ် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားမယ်လို့ ဆိုပါတယ်။
3 years Ago

August 19, 2016

ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများအတွက် ကမ္ဘောဇဘဏ်က ကျပ်သိန်း ၄၀၀၀ ကူညီမည်

ယူ ၁၉ ဖိတ်ခေါ်ပြိုင်ပွဲနဲ့ ယူ ၂၂ ဖိတ်ခေါ်ပြိုင်ပွဲတွေမှာ ကမ္ဘောဇဘဏ်က ကျပ်သိန်း ၄၀၀၀ ပံ့ပိုးကူညီသွားမယ်လို့ ကမ္ဘောဇဘဏ်က ပြောပါတယ်။ လာမယ့် သြဂုတ် ၂၂ ရက်ကနေ ၂၈ ရက်အထိ မန္တလေးမြို့မှာကျင်းပမယ့် ယူ ၁၉ ဖိတ်ခေါ်ပြိုင်ပွဲနဲ့ မလေးရှားဆီးဂိမ်းအကြို ပြင်ဆင်မှုအဖြစ် လက်ခံကျင်းပမယ့် ယူ ၂၂ ဖိတ်ခေါ်ပြိုင်ပွဲတွေမှာ ကမ္ဘာဇဘဏ်က ကျပ်သိန်း ၄၀၀၀ ပံ့ပိုးကူညီမှာဖြစ်တယ်လို့ ကမ္ဘောဇဘဏ် မန်နေးဂျင်းဒါရိုက်တာ ဦးမိုးဆန်းအောင်က ပြောပါတယ်။ "ယူ ၁၉ ပွဲအတွက် ကျပ်သိန်း ၁၀၀၀၊ ယူ ၂၂ အတွက် ကျပ်သိန်း ၃၀၀၀ စုစုပေါင်း သိန်း ၄၀၀၀ ကူညီပံ့ပိုးသွားမှာပါ။ ဘောလုံးလောက တိုးတက်စေချင်သလို ကျနော်တို့ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကလည်း ဘောလုံးအဖွဲ့ချုပ် နာယကဖြစ်တဲ့အတွက် တာဝန်တခုအနေနဲ့ ကူညီပံ့ပိုးတာလည်း ပါပါတယ်။" မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ စပွန်ဆာကုမ္ပဏီတွေကနေ အမေရိကန်ဒေါ်လာ ၄ သန်းလောက် ရရှိထားပေမယ့် ပြိုင်ပွဲလေ့ကျင့်စရိတ်တွေရှိလို့ အမေရိကန်ဒေါ်လာ ၃ သန်းလောက် စိုက်ထုတ်သုံးစွဲရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဖုန်းနိုင်ဇော်က ပြောပါတယ်။ "မြန်မာဘီယာ၊ အူရီဒူး၊ မက်စ်အင်နာဂျီတို့ကနေ စပွန်ဆာ ၄ သန်းလောက် ရထားတယ်။ ဘတ်ဂျက်က ၆ သန်းလောက် လျာထားတဲ့အတွက် ငွေကြေးမလောက်ပါဘူး။ ဥက္ကဋ္ဌ ဦးဇော်ဇော် အိတ်ထဲက ကန်ဒေါ်လာ ၂ သန်း၊ ၃ သန်းလောက် စိုက်ထုတ်ရဖို့ရှိတယ်။" မြန်မာနိုင်ငံအနေနဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ နိုင်ငံတကာပြိုင်ပွဲတွေအဖြစ် အာဆီယံ ဖူဆယ်ကလပ်အသင်းများပြိုင်ပွဲ၊ အာဆီယံ အမျိုးသမီးဘောလုံးပြိုင်ပွဲနဲ့ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွေ ကျင်းပခဲ့ပြီး လာမယ့် နိုဝင်ဘာလမှာလည်း အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ရန်ကုန်မြို့မှာ လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။
5 years Ago
More News
Up