မြန်မာဘောလုံးအကယ်ဒမီ (ရန်ကုန်) ရဲ့ ပန္နရိုက် မင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက် မနက် ၈း၁၅ နာရီက ရန်ကုန်မြို့ ဝေဇယန္တာလမ်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရုံးဘေး မြက်ခင်းတုကွင်းမှာ ကျင်းပပါတယ်။
မြန်မာဘောလုံးအကယ်ဒမီ (ရန်ကုန်) ဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ တတိယမြောက် ဘောလုံးအကယ်ဒမီ ဖြစ်ပါတယ်။
ဒီဘောလုံးအကယ်ဒမီကို ဖီဖာရဲ့ Goal Project 5 အစီအစဉ်နဲ့ ပံ့ပိုးမှု၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဧရာဝတီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်တို့ရဲ့ အကူအညီ လှူဒါန်းငွေတွေနဲ့ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
7 years Ago