မြန်မာနောင်း

March 15, 2017

မြန်မာနောင်း အယ်ဒီတာချုပ် ကိုဆွေဝင်းခြိမ်းခြောက်ခံရ

  မြန်မာနောင်းသတင်းဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ သူ့ကို အမည်မသိ လူ ၃ ယောက်က လာရောက် ခြိမ်းခြောက်ခဲ့တဲ့အတွက် ရဲစခန်းမှာ တိုင်ကြားထားပါတယ်။ မနေ့ ညနေပိုင်းက   အမေရိကန်သံအမတ်ကြီး စကော့မာရှယ်က ညစာဖိတ်ကျွေးလို့ သွားရောက်ပြီး အိမ်အပြန် စမ်းချောင်းမြို့နယ် ဗဟိုလမ်းနဲ့ မြောင်းမြလမ်းထိပ်မှာ လူ ၃ ယောက်က သူ့ ကိုဆွေဝင်းလားလို့ မေးပြီး ထိုးကြိတ်ဖို့ လက်သီးလက်မောင်းတန်းပြီး ပြောဆိုခြိမ်းခြောက်တာ ရင်ဆိုင်ခဲ့ရကြောင်း ကိုဆွေဝင်းက ပြောပါတယ်။ အဆိုပါလူ ၃ယောက်ထဲက တဦးက စမ်းချောင်း၊ ဖျာပုံလမ်းမှာ နေတယ်လို့ အခင်းဖြစ်ရာနားမှာရှိတဲ့ လူတဦးက ပြောတာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပြလိုက်လို့ ဒီလူ ၃ ဦးလုံးဟာ ဗဟိုလမ်းနဲ့ ဖျာပုံလမ်းထောင့်က Gold ဘီယာဆိုင်မှာ ညနေကတည်းက ဘီယာ သောက်နေတယ်ဆိုတာ သိရတာနဲ့ ဆိုင်ပိုင်ရှင်တွေက စီစီတီဗွီမှတ်တမ်းတွေ ဖွင့်ပြခဲ့ပါတယ်။ ဒီမှတ်တမ်းထဲမှာ သူ့ကို ခြိမ်းခြောက်တဲ့ လူ ၃ယောက်လုံးရဲ့ ရုပ်ပုံတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီထဲက ၁ ယောက်က စမ်းချောင်း၊ ဖျာပုံလမ်းမှာနေတဲ့ ထွန်းထွန်းဇော် ဆိုသူ ဖြစ်ကြောင်းသိရလို့ ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးတဲ့အခါ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ သက်ဆိုင်သူတွေဆီကို  ဥပဒေကြောင်းအရ အရေးယူပေးဖို့ တိုင်ကြားသွားမယ်လို့ ကိုဆွေဝင်းက ပြောပါတယ်။  
5 years Ago
Up