ရန်ကုန်မြို့မှာ ယှဉ်ပြိုင်နေတဲ့ မြန်မာအိုးပင်း ဂေါက်ရိုက်ပြိုင်ပွဲ ပထမအကျော့မှာ ဖိလစ်ပိုင်နိုင်ငံသား အန်သိုနီယို လာစကူနာ (Antonio Lascuna) က ဦးဆောင်နေပါတယ်။
သူ့နောက်မှာ မလေးရှားနိုင်ငံသား ဒန်နီချွာ (Danny Chia) က ဒုတိယ လိုက်ပါတယ်။
မြန်မာအိုးပင်းဟာ ဒေါ်လာ ၇ သိန်းခွဲ ချီးမြှင့်တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် နောက်ဆုံး ကျင်းပခဲ့တဲ့ အချိန်က ထိုင်းနိုင်ငံသား ချာဝါလစ် ပလာဖို (Chawalit Plaphol) က အနိုင်ရခဲ့ပါတယ်။
5 years Ago