မြန်မာအားကစားအဖွဲ့များ

May 20, 2017

မြန်မာအားကစားအဖွဲ့များ တရုတ်နိုင်ငံတွင် ပူးတွဲလေ့ကျင့်မည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ပူးတွဲလေ့ကျင့်ဖို့ သွားရောက်တဲ့ မြန်မာအားကစားအဖွဲ့တွေဟာ တရုတ်နည်းပြတွေ၊ အားကစားသမားတွေနဲ့ စတင်လေ့ကျင့်တော့မှာ ဖြစ်ပါတယ်။ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရရှိဖို့အတွက် Government to Government အစီအစဉ်အရ သွားရောက်လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး တရုတ်နည်းပြနဲ့ ကစားသမားတွေရဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေကို လေ့လာသွားကြမှာပါ။ ရက် ၉၀ နီးပါး သွားရောက်လေ့ကျင့်မယ့် ကစားနည်းတွေကတော့ ရေကူး၊ ကြက်တောင်၊ ဘိုးလင်း၊ လက်ဝှေ့၊ ကျွမ်းဘား၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်နဲ့ ဘော်လီဘောတို့ ဖြစ်ပြီး ပထမအသုတ်အဖြစ် ဝူရှူးအားကစားသမား ၁၆ ဦး၊ Fencing အားကစားသမား ၁၃ ဦး၊ အလေးမ အားကစားသမား ၇ ဦးနဲ့ ဘတ်စကက်ဘော ကစားသမား ၁၆ ဦး၊ စုစုပေါင်း ၅၂ ဦး စတင်ထွက်ခွာခဲ့ပြီး မေလ ၂၀ ရက်နေ့မှာ ပြေးခုန်ပစ်အားကစားအဖွဲ့ဟာ တရုတ်နိုင်ငံကို ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်။ တချို့အားကစားတွေကတော့ ပူးတွဲလေ့ကျင့်မှုအပြီး မြန်မာနိုင်ငံကို ပြန်လာမှာ ဖြစ်ပေမယ့် တချို့အားကစားနည်းတွေကတော့ တရုတ်နိုင်ငံကတဆင့် မလေးရှားဆီးဂိမ်းကို တိုက်ရိုက်သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
4 years Ago
Up