မြန်မာအသင်းနှင့် အိမ်ကွင်းတွင်ယှဉ်ပြိုင်ရမည့်ပွဲကို အာရုံစိုက်ကစားမည်ဟု ထိုင်းနည်းပြ ပြော

December 6, 2016

မြန်မာအသင်းနှင့် အိမ်ကွင်းတွင်ယှဉ်ပြိုင်ရမည့်ပွဲကို အာရုံစိုက်ကစားမည်ဟု ထိုင်းနည်းပြ ပြော

မြန်မာအသင်းကို အဝေးကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရထားပေမယ့်လည်း အိမ်ကွင်းမှာ ကစားရမယ့်ပွဲအပေါ် အာရုံစိုက် ကစားသွားမှာဖြစ်တယ်လို့ မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ထိုင်းအသင်းနည်းပြ ကိုင်တီဆတ်က ပြောပါတယ်။ သူတို့အသင်းအနေနဲ့ အိမ်ကွင်းမှာ ကစားရတော့မှာဖြစ်လို့ ဖိအားရှိနိုင်သလို မြန်မာကစားသမားတွေဟာ ငယ်ရွယ်ပြီး အနာဂတ်တွေ ရှိနေတဲ့အတွက် လာမယ့်ပွဲဟာ သူတို့အဖို့ ပိုမိုလွယ်ကူလာလိမ့်မယ်လို့ ကိုင်တီဆတ်က ပြောပါတယ်။ မြန်မာအသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုး အပါအ၀င် သွင်းဂိုး ၅ ဂိုးထိ ရထားတဲ့ AFF Suzuki Cup 2016 ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား တီရာဆေးလ်ဒန်ဒါကတော့ စံချိန်တွေရိုက်ချိုးရတာ အဓိကမကျဘဲ အသင်း ဖလားရအောင် ကြိုးစားဖို့က အဓိကကျတယ်လို့ ပြောပါတယ်။ ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ ထိုင်းအသင်းက အိမ်ကွင်းမှာ  မြန်မာအသင်းကို လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 years Ago
Up