မြန်မာအလုပ်သမားများ

A d v e r t i s e m e n t With Us

December 1, 2018

ပြစ်ဒဏ်ကျခံပြီး ပြန်လွတ်လာသည့် မြန်မာအလုပ်သမားများ ကော့သောင်းရောက်ရှိ

ထိုင်းနိုင်ငံဥပဒေအရ ပြစ်ဒဏ်ကျခံပြီး ပြန်လွှတ်လိုက်ပေးလိုက်တဲ့ မြန်မာအလုပ်သမားတွေ ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့ကို နိုဝင်ဘာ ၃၀ ၇က်နေ့ ညနေပိုင်းက ပြန်ရောက်ရှိလာပြီး ကော့သောင်းခရိုင်တာဝန်ရှိသူတွေက လက်ခံကြိုဆိုခဲ့ကြပါတယ်။ ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား အယောက် ၆၀ ကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ မဉ္စူသကခန်းမမှာ ယာယီထားရှိပြီး နာမကျန်းဖြစ်နေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးထားပါတယ်။ “ဒီရောက်လာတဲ့ လူအယောက် ၆၀ မှာ များသောအားဖြစ်ကတော့ နိုင်ငံ တရားမ၀င်ခိုးဝင်မှုပေါ့။ တကယ်တော့ သူတို့က အနယ်နယ်အရပ်ရပ်က ဖမ်းမိထားတဲ့သူတွေစုပြီး ထိုင်းလ၀ကကို ပို့တာပါ။ အနယ်နယ်အရပ်ရပ်က အသွင်အမျိုးမျိုးနဲ့ အဖမ်းခံရတာတွေပါ” လို့ နယ်ခြားကော်မတီအဖွဲ့ဝင် ဦးထင်လင်းဆွေက ပြောပါတယ်။ “ကျနော်က ပန်းရန်လုပ်တာပါ။ အမှန်အတိုင်းပြောရရင်တော့ ကျနော်တို့က အာဆီယံသောက်နေတာပါ။ သောက်နေရင်းနဲ့ မသောက်ချင်တော့လို့ လွှင့်ပစ်လိုက်တာကို ထိုင်းရဲက ကျနော့်ကို အမှုဖွင့်တာပါ” လို့ ပြန်လွတ်လာသူတဦးကပြောပါတယ်။ ပြန်လွတ်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ တနသာင်္ရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တွေက ဖြစ်ပြီး သူတို့ကို့ မော်တော်ယာဉ်စီစဉ်ပေးပြီး နေရပ်ဒေသတွေကို ပြန်ခိုင်းခဲ့ပါတယ်။ သတင်းနှင့်ဓာတ်ပုံ -လတ်ကိုကိုဦး
2 years Ago

April 10, 2018

မြန်မာအလုပ်သမားများ တင်လာသည့်ကား ၁ စီး တာ့ခ်ခရိုင်တွင် တိမ်းမှောက်ပြီး ၆ ဦး သေဆုံး

မြန်မာအလုပ်သမား ၅၁ ဦး တင်ဆောင်လာတဲ့ ကားတစီး တာ့ခ်ခရိုင်အတွင်း ဘီးပေါက်ပြီး တိမ်းမှောက်ခဲ့မှုကြောင့် ၆ ဦး သေဆုံးပြီး ၁၂ ဦး ပြင်းထန်ဒဏ်ရာရတဲ့အတွက် တာ့ခ်ခရိုင်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ မြန်မာအလုပ်သမား သံအရာရှိရုံးက သတင်းထုတ်ပြန်ပါတယ်။ အဆိုပါကားဟာ ထိုင်းနိုင်ငံ၊ ချာချင်ဆောင်မြို့ရှိ ကွန်ပျူတာပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံကို သွားမယ့် Royal Golden Mandalay က စေလွှတ်တဲ့ အလုပ်သမားတွေဖြစ်ပြီး ဧပြီ ၉ ရက် ည ၁၀ နာရီလောက်မှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့  မြန်မာအလုပ်သမား ၃၃ ဦး ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး၊ ဒဏ်ရာပြင်းထန်သူ ၁၂ ဦးကို တာ့ခ်ခရိုင်ဆေးရုံကို ပို့ဆောင် ဆေးဝါးကုသမှုခံယူနေရကာ  ၆ ဦး သေဆုံးခဲ့ကြောင်းလည်း ပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာကို အလုပ်သမားသံအရာရှိရုံးက တာဝန်ရှိသူတွေ သွားရောက်ပြီး ကူညီ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်ကလည်း မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ ကားတစီး  မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့အလွန် ကုန်းအဆင်းလမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ မြန်မာအလုပ်သမား ၂၀ ဦး သေဆုံးခဲ့ပါတယ်။ Photo : LA-Thailand
3 years Ago
More News
Up