မြန်မာအလုပ်သမ

August 24, 2018

ထိုင်းမင်းသမီးနှင့်ဆင်တူသည့် မြန်မာအလုပ်သမလေး ရေပန်းစား (ရုပ်သံ)

ခုရက်ပိုင်းတွင်း ထိုင်းလူမှုကွန်ရက်မှာ ထိုင်းရုပ်ရှင်မင်းသမီးတဦးနဲ့ မျက်နှာပေါက်ဆင်တူတဲ့ မြန်မာပြည်ဖွား ရှမ်းတိုင်းရင်းသူ ရွှေ့ပြောင်းအလုပ်သမား မိန်းကလေးတဦး အကြောင်း ရေပန်းစားနေပါတယ်။ ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ ကတ်ဆွန်ကယောက် ကုန်တိုက်ကြီးထဲမှာ ထိုင်းရုပ်ရှင်မင်းသမီး ဖလွဲချယ်မာလ်နဲ့ ရုပ်ချင်းဆင်တဲ့ အလုပ်သမား မိန်းကလေးတဦးရှိကြောင်း၊ အလွန်ချောမောလှပတဲ့အတွက် ကုန်တိုက်ထဲမှာ အလှဆုံးလို့ တင်စားခံရကြောင်း လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့အတွက် ဆနွတ်ခ် (Sanook) သတင်းဌာနက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် နန်းဆောဝ်အမ်းဖိုင်း ခမ်းထူး ခေါ် နောင့်ဖိုင်းဟာ မြန်မာပြည် တောင်ကြီးမြို့နယ်က ရှမ်းတိုင်းရင်းသူတဦး ဖြစ်ပါတယ်။ နောင့်ဖိုင်းဟာ ဒီမတိုင်ခင်က တာချီလိတ်မှာ ဈေးကူရောင်းခဲ့ပြီး သူ့ရဲ့အဒေါ်က ချင်းမိုင်မှာ အလုပ်လာလုပ်ဖို့ ခေါ်တာကြောင့် ကတ်ဆွန်ကယောက် ကုန်တိုက်ကြီးမှာ သန့်ရှင်းရေးအလုပ် ဝင်လုပ်နေတာ ၂ နှစ်ရှိပြီလို့ သတင်းထောက်ကို ပြောပါတယ်။ ဈေးဝယ်လာသူတွေက သူမကို ထိုင်းရုပ်ရှင်မင်းသမီး ဖလွဲချယ်မာလ်နဲ့ ဆင်တူတယ်လို့ ပြောသလို သူကိုယ်တိုင်ကလည်း မင်းသမီးရဲ့ ပရိသတ်တဦးဖြစ်လို့ ကျေနပ်မိတယ်လို့ ပြောပါတယ်။ အပေါင်းအသင်းတွေက သူ့ကို အလှမယ်ပြိုင်ပွဲဝင်ဖို့ တိုက်တွန်းပေမယ့် ရှက်တတ်သူတဦးဖြစ်သလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုမရှိလို့ ဝင်မပြိုင်ဖြစ်ဘူးလို့ ဆိုပါတယ်။ သူဟာ အိမ်ထောင်မရှိသေးတဲ့ အပျိုတဦးဖြစ်ပြီး မွေးချင်းမောင်နှမ ၇ ဦးရှိကာ မိဘတွေကတော့ ကွယ်လွန်သွားပြီ ဖြစ်တဲ့အတွက် မောင်၊ ညီမလေးတွေကို ရှာဖွေ ထောက်ပံ့ပေးနေပါတယ်။ နောင့်ဖိုင်းဟာ အလုပ်ကြိုးစားပြီး တနေ့ကျရင် ကိုယ့်မြို့ကိုယ့်ရွာမှာ ကိုယ်ပိုင် အိမ်ဆိုင်လေးတဆိုင်  ဖွင့်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
3 years Ago

July 20, 2018

ကောက်ရငွေ ဘတ်ငွေ ၃ သိန်းခန့် ပိုင်ရှင်ထံပြန်အပ်သည့် မြန်မာအလုပ်သမ

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင် ကော့စမွီမြို့နယ်က ဟိုတယ်သန့်ရှင်းရေး မြန်မာ အမျိုးသမီး ၁ ဦးဟာ နိုင်ငံခြားငွေပါတဲ့ ဘူး ၁ ဘူးကောက်ရပြီး ပိုင်ရှင်ကိုပြန်အပ်ခဲ့တယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဆုရီ လို့ခေါ်တဲ့ မြန်မာအမျိုးသမီးဟာ ကော့စမွီမြို့ ဘော်ဖွတ်ရပ်ကွက်တွင်းရှိ အက်ခ်ဘားဘိခ်ျရီးဆော့တ် ဟိုတယ်က သန့်ရှင်းရေးအလုပ်သမား ၁ ဦးဖြစ်ပြီး မနေ့ညက ဟိုတယ်သန့်ရှင်းရေးလုပ်ရင်း လှေကားအောက်စားပွဲခုံပေါ်မှာ ငွေတွေပါတဲ့ အစိမ်းရောင်ဘူး ၁ ဘူးကောက်ရလို့ ပိုင်ရှင်ကိုပြန်ပေးဖို့ ဟိုတယ်ကောင်တာမှာ လာအပ်ထားကြောင်း ဟိုတယ်ပိုင်ရှင်က ကော်စမွီရဲစခန်းတာဝန်ကျ ဒုရဲအုပ်ကို ပြောပါတယ်။ ဟိုတယ်ပိုင်ရှင်က ဘူးကိုဖွင့်ကြည့်ရာမှာ သြစတြေးလျငွေ ၁၁၀၀၀ ဒေါ်လာ (ထိုင်းငွေဘတ် ၂ သိန်း ၈ သောင်းခန့် တန်ဖိုးရှိ)  ကို တွေ့ရပြီး ဘူးပိုင်ရှင်ကို စီစီကင်မရာကနေ ရှာဖွေခဲ့ကြောင်း၊ မနေ့က အဲဒီထိုင်ခုံမှာ ထိုင်ခဲ့ပြီး အိပ်ခန်းသို့ ပြန်တက်သွားသူမှာ အသက် ၃၈ နှစ်ရွယ် Alexander Joseph ဆိုသူ နယ်သာလန်နိုင်ငံသား ၁ ဦးဖြစ်နေတာ သိရှိရကြောင်း၊ သူတို့ သိရတဲ့အချိန်မှာ ဒီနေ့ မနက် ၅ နာရီရှိပြီဖြစ်တဲ့အတွက် ဧည့်သည်အိပ်ရာက နိုးချိန်ကို စောင့်ဆိုင်းပြီးမှ ပြန်လည်မေးမြန်းခဲ့တာလို့ ဆိုပါတယ်။ အဆိုပါဧည့်သည်ကလည်း ဘူးမှာ သူ့ပစ္စည်းဖြစ်ကြောင်း၊ မနေ့က အရက်သောက်တာ နည်းနည်းများသွားပြီး မေ့ကျန်ခဲ့ကြောင်း၊ သူကတော့ ပိုက်ဆံဘူးကို သတိရတဲ့အခါ မရှိတော့လို့  အခိုးခံရတယ်လို့ ထင်ခဲ့ကြောင်း၊ အခုလို ပိုက်ဆံဘူးပြန်ရတဲ့အတွက် အလွန်ဝမ်းသာတယ်လို့ ဆိုပါတယ်။ ဟိုတယ်ပိုင်ရှင်က ဘူးထဲပါတာတွေ အကုန်ရှိမရှိ ပြန်စစ်ကြည့်ခိုင်းတော့ ဧည့်သည်ကလည်း ဘာမှအပျောက်အရှမရှိကြောင်းပြောပြီး ပစ္စည်းပြန်အပ်ချိန် သက်သေအဖြစ် လာရောက်ဆောင်ရွက်ပေးဖို့ နယ်မြေရဲစခန်းကို အကြောင်းကြားခဲ့ကြောင်း၊ ငွေဘူးပိုင်ရှင်ဧည့်သည်က ရိုးသားတဲ့ မြန်မာအလုပ်သမကို ဒေါ်လာ ၁၀၀ ပြန်ပြီး ဆုချခဲ့တယ်လို့ ခေါင်ဆွတ်သတင်းမှာ ဖော်ပြသွားပါတယ်။
3 years Ago
Up