မြန်မာအမျိုးသားဖူဆယ်အသင်း

January 6, 2018

မြန်မာအမျိုးသားဖူဆယ်အသင်း ထိုင်း Cat အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရ

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းဟာ ပထမဆုံး ခြေစမ်းပွဲအဖြစ် မနေ့ ညနေပိုင်းက ထိုင်းဖူဆယ်ကလပ် Cat အသင်းနဲ့ ယှဉ်ပြိုင်ကစားရာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ မြန်မာဖူဆယ်အသင်းအတွက် ဂိုးတွေကို ခင်ဇော်လင်းက ၂ ဂိုးနဲ့ ပြည့်ဖြိုးမောင်-၃ က ၁ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။ AFC Futsal Championship ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ မြန်မာဖူဆယ်အသင်းဟာ ထိုင်းနိုင်ငံမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး ခြေစမ်းပွဲသုံးပွဲ ထပ်မံကစားမယ်လို့ သိရပါတယ်။ မြန်မာဖူဆယ် အသင်းဟာ ဇန်နဝါရီ ၇ ရက်မှာ ထိုင်းကလပ် Tha Kham အသင်း၊ ဇန်နဝါရီ ၉ ရက်နဲ့ ၁ဝ ရက်မှာ ထိုင်း ယူ-၂၃ အသင်းနဲ့ ခြေစမ်းကစားမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
3 years Ago
Up