မြန်မာအမျိုးသမီး ၁ ဦးပါဝင်

April 20, 2018

ထိုင်းတွင် ယာဉ်တိုက်မှု ၂ ခုဖြစ်ပွား၊ သေဆုံးသူများထဲ မြန်မာအမျိုးသမီး ၁ ဦးပါဝင်

ထိုင်းနိုင်ငံမှာ ဧပြီ ၂၀ ရက်နေ့ တညတည်းဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှု ၂ ခုအတွင်း လူ ၉ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရကာ သေဆုံးသူတွေထဲမှာ မြန်မာအမျိုးသမီး ၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုတခုက စာခဲအိုခရိုင်ပွဲတော်ကနေ ပြန်လာတဲ့ ပစ်ကပ်ကားဖြစ်ပြီး နောက်ယာဉ်တိုက်မှုကတော့ နာခွန်စဝန်မြို့က ခရီးသည်တင်ဘတ်စ်ကားလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ နာခွန်စဝန်မြို့မှာ တာ့ခ်ခရိုင်ကနေ ဘန်ကောက်သွားတဲ့ ခရီးသည်တင်ဘတ်စ်ကားက အဝေးပြေးလမ်းမ အမှတ် ၁ အပေါ်မှာ မြောင်းထဲ ပြုတ်ကျသွားပြီး အမျိုးသမီး ၂ ဦး သေဆုံးကာ အခြားခရီးသည် ၃၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ အခင်ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံသား အသက် ၃၂ နှစ်အရွယ် မနီနီအောင်နဲ့ အသက် ၂၄ နှစ်အရွယ် ထိုင်းအမျိုးသမီးတဦးတို့ သေဆုံးသွားခဲ့တာပါ။ ကားသမားအပါအဝင် အခြား ၃၂ ဦး ဒဏ်ရာရပြီး စဝန်ပရာချာရက်ဆေးရုံကို ပို့ဆောင်လိုက်ရပါတယ်။ ကားက တာ့ခ်ခရိုင် မဲဆောက်ကနေ ဘန်ကောက်သွားခဲ့တာဖြစ်ပြီး ကားသမား မစ္စတာ စူရီရန်က ဘတ်စ်ကားရှေ့ကနေ မော်တော်ဆိုင်ကယ်တစီး ဖြတ်မောင်းချိန် အရှိန်မထိန်းနိုင်ဖြစ်သွားတယ်လို့ ရဲကို ပြောပါတယ်။ ရဲတွေကတော့ ကားသမားရဲ့ ရှင်းပြချက်ကို လက်မခံပဲ နောက်ထပ်စုံစမ်းမှုတွေ လုပ်မယ်လို့ ဆိုပါတယ်။ စာခဲအိုခရိုင်ကားတိုက်မှုမှာတော့ ဆုန်ခရန်ပွဲတော် တခုဖြစ်တဲ့ ဝန်လိုင်ပွဲတော်က အိမ်ပြန်လာတဲ့ ပစ်ကပ်ကား မှောက်ပြီး လူ ၇ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တာပါ။ ကယ်ဆယ်ရေးတွေ ရောက်ချိန်မှာ စာခဲအိုလိုင်စင်နံပါတ်နဲ့ ပစ်ကပ်ကားဟာ အီဇူစူးကား အရောင်းပြန်ခန်းရှေ့က လမ်းဘေးမြောင်းပေါ် မှောက်နေပြီး ဒဏ်ရာရ ခရီးသည်တွေနဲ့ သေဆုံးတဲ့ အလောင်းတွေ ပြန့်ကျဲနေတာ တွေ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up