မြန်မာအမျိုးသမီးအသင်းနည်းပြ ပြော

April 2, 2017

အီရန်နှင့်ပွဲ အကောင်းဆုံး ကစားနိုင်မည်ဟု မြန်မာအမျိုးသမီးအသင်းနည်းပြ ပြော

အာရှ အမျိုးသမီးခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းဟာ အုပ်စု အဖွင့် ပွဲစဉ်အဖြစ် လာမယ့် ဧပြီ ၃ ရက်နေ့မှာ အီရန် အမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းပါဝင်တဲ့ အုပ်စု(D) မှာ အိမ်ရှင်ဗီယက်နမ်အသင်းနဲ့အတူ အီရန်၊စင်ကာပူနဲ့  ဆီးရီးယားအသင်းတို့ပါဝင်နေတာပါ။ မြန်မာအသသင်းအနေနဲ့ လာမယ့် ဧပြီ ၇ ရက်မှဆီးရီးယား၊ ဧပြီ ၉ ရက်မှာစင်ကာပူ၊ဧပြီ ၁၁ရက်မှာ ဗီယက်နမ်အသင်းတို့နဲ့ ဆက်ပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အမျိုးသမီး အာရှဖလားခြေစစ်ပွဲစဉ်တွေကို အသင်းပေါင်း၂၁သင်းဝင်ပြိုင်မှာဖြစ်ပြီး ၆ သင်းပါတဲ့အုပ်စုတစ်ခုနဲ့ ၅ သင်းပါဝင်တဲ့ အုပ်စု ၃ ခုခွဲခြားထားတာပါ။ အုပ်စုပတ်လည်ကစားအပြီး အုပ်စုပထမတစ်သင်းကပဲ ၂၀၁၈ ခုနှစ်မှာ ဂျော်ဒန်နိုင်ငံမှာကျင်းပမယ့် အာရှဖလားဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ မြန်မာအမျိုးသမီး အသင်းကိုနယ်သာလန်နည်းပြ ရော်ဂျာရိုင်နာက နည်းပြချုပ်အဖြစ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ အာရှဖလားပွဲစဉ်အတွက် MCM Meeting နဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကိုလည်း ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ အီရန်အသင်းနဲ့ပတ်သက်ပြီး ကျနော်တို့ အချက်အလက်နည်းနည်းပဲ သိထားပါသေးတယ်။ ဒီပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်လာခဲ့တဲ့အတွက် အီရန်အသင်းနဲ့ ပွဲစဉ်မှာ အကောင်းဆုံး ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ အုပ်စုတွင်းမှာတော့ အိမ်ရှင် ဗီယက်နမ်အသင်းက တောင့်တင်းတဲ့ အသင်းတစ်သင်းပါ” လို့ ရော်ဂျာက ပြောကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထာါးပတယ်။ မြန်မာအမျိုးသမီးအသင်းခေါင်းဆောင် ခင်မာလာထွန်းက “တစ်ပွဲခsင်းဆီကို အကောင်းဆုံး အာရုံစိုက် ယှဉ်ပြိုင်သွားမှာပါ။ အီရန်အသင်းနဲ့ တစ်ခါမှ မယှဉ်ပြိုင်ဖူးသေးပါဘူး။ ပြိုင်ဘက်တိုင်းကို လေးလေးစားစား ယှဉ်ပြိုင်သွားမှာပါ။ ကျနော်ရဲ့ အသင်းသားတွေနဲ့အတူ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။” လို့ ပြောပါတယ်။ မြန်မာအသင်းဟာ   ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ကတည်းက ပြိုင်ပွဲကျင်းပမယ့် ဗီယက်နမ်နိုင်ငံမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
5 years Ago
Up