မြန်မာအမျိုးသမီးအသင်းကို ဆက်လက်ကိုင်တွယ်လိုဟု နည်းပြ ရော်ဂျာရိုင်နာ ပြော

August 5, 2016

မြန်မာအမျိုးသမီးအသင်းကို ဆက်လက်ကိုင်တွယ်လိုဟု နည်းပြ ရော်ဂျာရိုင်နာ ပြော

စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့် မြန်မာအမျိုးသမီးအသင်းကို ဆက်လက်ကိုင်တွယ်လိုတယ်လို့ နည်းပြ ရော်ဂျာရိုင်နာက ပြောပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ နယ်သာလန်နည်းပြဟောင်း ရော်ဂျာရိုင်နာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ၆ လစာချုပ်နဲ့ ခန့်အပ်ခဲ့တာဖြစ်ပြီး လာမယ့် သြဂုတ် ၁၂ ရက်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ မြန်မာအသင်းမှာ အလားအလာရှိတဲ့ ကစာသမားကောင်းတွေရှိပြီး မြန်မာအသင်းနဲ့အတူ အလုပ်လုပ်ရတာကို နှစ်သက်တဲ့အတွက် ဆက်လက်ကိုင်တွယ်လိုတယ်လို့ မြန်မာနည်းပြက ပြောလိုက်တာပါ။ ဒါပေမယ့် ဆွေးနွေးမှုတွေ ဆက်လုပ်သွားရဦးမှာဖြစ်ပြီး ဘယ်လိုဆက်ဖြစ်မလဲဆိုတာ မသိသေးတဲ့အကြောင်းလည်း ရော်ဂျာရိုင်နာက ဆက်ပြောပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ရော်ဂျာရိုင်နာကို စတင်ခန့်အပ်စဉ်ကတည်းက နှစ်ရှည်စာချုပ် ချုပ်လိုပေမယ့် နည်းပြကိုယ်တိုင်က ၆ လ စာချုပ်ပဲ ချုပ်ဆိုပြီး ကြိက်နှစ်သက်မှသာ စာချုပ်သက်တမ်းတိုးဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up