မြန်မာအမျိုးသမီးအသင်း

February 26, 2019

ခြေစစ်ပွဲကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ - မြန်မာယူ ၁၆ တိုက်စစ်မှူး ဆွေမာအောင်

အာရှ ယူ-၁၆ အမျိုးသမီးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီး တသင်းလုံး စုစုစည်းစည်းနဲ့ ခြေစစ်ပွဲအောင်မြင်အောင် ကြိုးစားသွားမယ်လို့ မြန်မာအမျိုးသမီးအသင်း တိုက်စစ်မှူး ဆွေမာအောင်က ပြောကြားလိုက်ပါတယ်။ “မန္တလေးမှာလုပ်မယ့် ဒုတိယအဆင့် ခြေစစ်ပွဲအတွက် သမီးကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မှုရှိသလို အသင်းသားတွေကိုလည်း ယုံကြည်ပါတယ်။ နည်းပြအဖွဲ့ကလည်း သမီးတို့ကို စနစ်တကျ သင်ကြားပေးထားသလို သမီးတို့လည်း စနစ်တကျ လေ့ကျင့်ထားတာကြောင့် အခုခြေစစ်ပွဲကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ တသင်းလုံး စုစုစည်းစည်းနဲ့ ကြိုးစားပြီး ခြေစစ်ပွဲအောင်မြင်အောင် အစွမ်းကုန် ကြိုးစားကစားသွားမှာပါ” လို့ ဆွေမာအောင်က မြန်မာဘောလုံးအဖွဲ့ချုပ် တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။ ဆွေမာအောင်ဟာ မြိုင်မြို့နယ် လက်ပံပင်ကျေးရွာမှာ အမျိုးသားတွေနဲ့ ဘောလုံးကန်ရင်း ၂၀၁၇ ခုနှစ် AYA Bank Scouting Tour လူရွေးချယ်ပွဲကနေ မြန်မာ့အမျိုးသမီး ဘောလုံးလောကကို ရောက်ရှိလာတာလို့ ဆိုပါတယ်။ မန္တလေးမြို့မှာ လက်ခံ​​ကျင်းပမယ့် အာရှ ယူ-၁၆ အမျိုးသမီးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲမှာ မြန်​မာအမျိုးသမီးအသင်းက ​ဖေ​ဖော်ဝါရီ ၂၇ ရက်​မှာ တရုတ်​အသင်းနဲ့ စတင်​ယှဉ်ပြိုင် ကစားရမှာ ဖြစ်​ပါတယ်​။ ပြိုင်​ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ်လ ၃ ရက်‌နေ့အထိ ယှဉ်​ပြိုင်​ကစားကြမှာဖြစ်​ပြီး မြန်​မာ၊ တရုတ်​၊ ဘင်္ဂလား​ဒေ့ရှ်နဲ့ ဖိလစ်​ပိုင်တို့ ပါဝင်​ပါတယ်​။ မြန်​မာယူ-၁၆ အမျိုးသမီးအသင်းဟာ အုပ်​စုဒုတိယပွဲစဉ်​အဖြစ် မတ်​လ ၁ ရက်​မှာ ဘင်္ဂလား​ဒေ့ရှ်၊ မတ်လ ၃ ရက်​မှာ ဖိလစ်​ပိုင်အသင်း​တွေနဲ့ ဆက်​ပြီး ယှဉ်​ပြိုင်​သွားရမှာ ဖြစ်​ပါတယ်​။ အာရှခြေစစ်ပွဲ ဒုတိယအဆင့်​မှာ အုပ်​စု ၂ ခုခွဲ ယှဉ်​ပြိုင်​ကစား​ကြမှာဖြစ်​ပြီး အုပ်​စုပထမနဲ့ ဒုတိယ ၂ သင်းစီက နောက်ဆုံးအဆင့် ယှဉ်​ပြိုင်​ကစားခွင့်​ရမှာ ဖြစ်​ပါတယ်​။ နောက်ဆုံးအဆင့်မှာ​တော့ အိမ်​ရှင်​ ထိုင်းအသင်းနဲ့အတူ ၂၀၁၇ ပြိုင်​ပွဲမှာ ချန်​ပီယံဖြစ်​ခဲ့တဲ့ ​မြောက်​ကိုရီးယား၊ တောင်​ကိုရီးယား၊ ဂျပန်တို့နဲ့အတူ စုစု​ပေါင်း ၈ သင်းနဲ့ ယှဉ်​ပြိုင်​ကစားကြမှာ ဖြစ်​ပါတယ်​။
2 years Ago

February 25, 2019

အခုလာမယ့် ပြိုင်ပွဲအတွက် ဘယ်အသင်းကိုမှ မကြောက်ပါဘူး - ဆောင်းနှင်းဖွေး

အာရှ ယူ-၁၆ အမျိုးသမီးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲ အောင်မြင်မယ်လို့ ယုံကြည်ထားပြီး ဘယ်အသင်းကိုမှ ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ မြန်မာအမျိုးသမီးအသင်းရဲ့ နောက်ခံလူ ဆောင်းနှင်းဖွေးက ပြောကြားလိုက်ပါတယ်။ “အခုလာမယ့် ပြိုင်ပွဲအတွက် ဘယ်အသင်းကိုမှ မကြောက်ပါဘူး။ သမီးတို့ကလည်း ဆရာတွေ သင်ပြပေးထားတဲ့အတိုင်း အချိန်ယူပြီး ပြင်ဆင်ထားသလို အများကြီး လေ့ကျင့်ပြင်ဆင်ထားတာကြောင့် ဒီခြေစစ်ပွဲကို အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” လို့ ဆောင်းနှင်းဖွေးက မြန်မာဘောလုံးအဖွဲ့ချုပ် တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားထားတာပါ။ မန္တလေးမြို့မှာ လက်ခံ​​ကျင်းပမယ့် အာရှ ယူ-၁၆ အမျိုးသမီးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲမှာ မြန်​မာအမျိုးသမီးအသင်းက ​ဖေ​ဖော်ဝါရီ ၂၇ ရက်​မှာ တရုတ်​အသင်းနဲ့ စတင်​ယှဉ်ပြိုင် ကစားရမှာ ဖြစ်​ပါတယ်​။ မြန်မာယူ-၁၆ အမျိုးသမီးအသင်းဟာ သြစတြေးလျနိုင်ငံမှာလည်း သွားရောက်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အခုပြိုင်ပွဲအတွက် တသင်းလုံး အဆင်သင့် ဖြစ်နေပြီလို့လည်း ဆောင်းနှင်းဖွေးက ပြောပါတယ်။ “သြစတြေးလျမှာ သွားလေ့ကျင့်တုန်းကလည်း ပညာတွေ အများကြီးရသလို သူတို့တွေနဲ့ ခြေစမ်းပွဲကစားရင်း ကိုယ့်ထက် လူကောင်ပိုကြီးတဲ့ ကစားသမားတွေကို ဘယ်လိုထိန်းရမလဲ၊ ဘယ်လိုတားဆီးရမလဲဆိုတာ သိလာတယ်။ အဲ့ဒါ့ကြောင့် အခုခြေစစ်ပွဲအတွက် သမီးအပါအဝင် တသင်းလုံး အဆင်သင့်ဖြစ်နေပါပြီ။” ပြိုင်​ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်ကနေ မတ်လ ၃ ရက်‌နေ့အထိ ယှဉ်​ပြိုင်​ကစားကြမှာဖြစ်​ပြီး မြန်​မာ၊ တရုတ်​၊ ဘင်္ဂလား​ဒေ့ရှ်နဲ့ ဖိလစ်​ပိုင်တို့ ပါဝင်​ပါတယ်​။ မြန်​မာယူ-၁၆ အမျိုးသမီးအသင်းဟာ အုပ်​စုဒုတိယပွဲစဉ်​အဖြစ် မတ်​လ ၁ ရက်​မှာ ဘင်္ဂလား​ဒေ့ရှ်၊ မတ်လ ၃ ရက်​မှာ ဖိလစ်​ပိုင်အသင်း​တွေနဲ့ ဆက်​ပြီး ယှဉ်​ပြိုင်​သွားရမှာ ဖြစ်​ပါတယ်​။ အာရှခြေစစ်ပွဲ ဒုတိယအဆင့်​မှာ အုပ်​စု ၂ ခုခွဲ ယှဉ်​ပြိုင်​ကစား​ကြမှာဖြစ်​ပြီး အုပ်​စုပထမနဲ့ ဒုတိယ ၂ သင်းစီက နောက်ဆုံးအဆင့် ယှဉ်​ပြိုင်​ကစားခွင့်​ရမှာ ဖြစ်​ပါတယ်​။ နောက်ဆုံးအဆင့်မှာ​တော့ အိမ်​ရှင်​ ထိုင်းအသင်းနဲ့အတူ ၂၀၁၇ ပြိုင်​ပွဲမှာ ချန်​ပီယံဖြစ်​ခဲ့တဲ့ ​မြောက်​ကိုရီးယား၊ တောင်​ကိုရီးယား၊ ဂျပန်တို့နဲ့အတူ စုစု​ပေါင်း ၈ သင်းနဲ့ ယှဉ်​ပြိုင်​ကစားကြမှာ ဖြစ်​ပါတယ်​။
2 years Ago
More News
Up