မြန်မာအမျိုးသားလေကြောင်း

February 28, 2018

မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ် စစ်တွေလေဆိပ်တွင်အင်ဂျင်ချို့ယွင်း

မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစီးဟာ ရခိုင်ပြည်နယ် စစ်တွေလေဆိပ်မှာ အင်ဂျင်ချို့ယွင်းခဲ့လို့ ခရီးစဉ်ဖျက်သိမ်းခဲ့ရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက လေယာဉ်မှူး နေမျိုးထွန်းနဲ့ အတူ တခြား ၅ယောက်၊ လေယာဉ် လုံခြုံရေး ၂ ယောက်တို့ လိုက်ပါလာတဲ့ ART အမျိုးအစား လေယာဉ်ဟာ ရန်ကုန်-စစ်တွေ-အမ်း-ရန်ကုန် ခရီးစဉ်အတိုင်း ရန်ကုန်လေဆိပ်ကနေ စစ်တွေလေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် ခရီးသည် ၆၇ ယောက်ကို တင်ပြီး စစ်တွေကနေ အမ်းလေဆိပ်ကို ထွက်ခွာဖို့ စက်နှိုးရာမှာ ညာဘက် ပန်ကာမလည်ခဲ့ဘူးလို့ ဆိုပါတယ်။ ညနေပိုင်းမှာတော့ အင်ဂျင်နီယာအဖွဲ့ရောက်လာပြင်ဆင်ပြီး ကောင်းမွန်ခဲ့ပေမယ့် အမ်းလေဆိပ်ကို ညအချိန် ဆင်းဖို့ အဆင်မပြေတာကြောင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒါကြောင့် ခရီးသည် ၄၉ ယောက်၊ အင်ဂျင်နီယာတွေနဲ့ လုံခြုံရေးတွေကို တင်ဆောင်ပြီး ရန်ကုန်ကိုထွက်ခွာခဲ့လို့ ည ၈ နာရီကျော်မှာ ရောက်ရှိခဲ့ပါတယ်။ စစ်တွေက အမ်းကို လိုက်ပါမယ့် ခရီးသည် ၁၈ ယောက်ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကားတွေနဲ့သွားခဲ့ကြတယ်လို့လည်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ၂၀၁၆ နိုဝင်ဘာလတုန်းက မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် Cessna Caravan လေယာဉ်တစီးဟာ မာန်အောင်လေဆိပ်မှာ ဆင်းသက်နေတုန်း ဘီးပေါက်လို့ ကွင်းညာဘက်ဘေးကို ဆွဲပြီး ရပ်တန့်ခဲ့ရသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းကလည်း မာန်အောင်လေဆိပ်ကို ဆင်းသက်နေတုန်း ဘရိတ်စနစ် ချို့ယွင်းခဲ့ပါသေးတယ်။
3 years Ago

February 10, 2018

မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်ငယ် ဆင်းသက်စဉ် စက်ချွတ်ယွင်း

ရန်ကုန်မြို့မှထွက်ခွာလာတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်ငယ်တစီးဟာ မာန်အောင်လေဆိပ်မှာ ဆင်းသက်စဉ် လေယာဉ်ငယ် စက်ချွတ်ယွင်းမှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၉ ၇က်နေ့ မနက် ၁၀ နာရီ ၃၅ အချိန်က မြန်မာအမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်မှူး တင်မိုးအောင် မောင်းနှင်ပြီး လေယာဉ်ဝန်ထမ်း ၂ ဦးနဲ့ ခရီးသည် ၁၀ ဦး (ကျား ၅၊ မ ၅) တို့ လိုက်ပါလာတဲ့ Caravan လေယာဉ်ငယ်ဟာ ရန်ကုန်မြို့မှ မာန်အောင် မြို့နယ် စမုံတဲကျေးရွာအနီးရှိ မာန်အောင်လေဆိပ်ကို ဆင်းသက်စဉ် Brake System ချွတ်ယွင်းခဲ့ပြီး ချော့မွေ့စွာဆင်းသက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျန်ရှိတဲ့ ခရီးစဉ်တွေကို ဆက်လက်ပျံသန်း ပြေးဆွဲခြင်း မပြုတော့ဘဲ ခေတ္တရပ်နားခဲ့ကြောင်းနဲ့ လေယာဉ်အား မာန်အောင်လေဆိပ် ပြေးလမ်းမှာ စမ်းသပ်မောင်းနှင်ခဲ့ပြီး မနက် ၁၁  နာရီ ၃၅ အချိန်မှာ လေယာဉ်မှူးပါ ဝန်ထမ်း ၃ ဦးတို့ ခရီးသည်မပါရှိဘဲ ရန်ကုန် လေဆိပ်ကို ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်၊ နိုဝင်လတုန်းကလည်း မာန်အောင်လေဆိပ်မှာပဲ Cessna Caravan လေယာဉ်တစီးဟာ ဆင်းသက်နေတုန်း ဘီးပေါက်လို့ ကွင်းညာဘက်ဘေးကို ဆွဲပြီး ရပ်တန့်ခဲ့ရပါသေးတယ်။
3 years Ago
Up