မြန်မာအမျိုးသမီးအသင်း

April 27, 2019

မြန်မာအမျိုးသမီးအသင်း ဥဇဘက်ကစ္စတန်ကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

ဧပြီ ၂၆ ရက်နေ့က ယှဉ်ပြိုင်ကစားတဲ့ အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲ ဒုတိယအဆင့် အဖွင့်ပွဲစဉ်မှာ မြန်မာ့အမျိုးသမီးအသင်းက ဥဇဘက်ကစ္စတန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲကို  မန္တလေးမြို့ မန္တလာသီရိဘောလုံးကွင်းမှာ ယှဉ်ပြိုင်ခဲ့တာပါ။ မြန်မာ ယူ ၁၉ အမျိုးသမီးအသင်းက ပွဲစဉ်တချိန်လုံး ကစားကွက်အသာနဲ့ ထိုးဖောက်ကစားခဲ့ပြီး ပွဲကစားချိန် ၄၁ မိနစ်မှာ တိုက်စစ်မှူး စန်းသော်သော်က မြန်မာအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ မြန်မာယူ ၁၉ အမျိုးသမီးအသင်းဟာ ဧပြီ ၂၈ ရက်နေ့မှာ သြစတြေးလျ၊ ဧပြီ ၃၀ ရက်နေ့မှာ နီပေါ ယူ ၁၉ အသင်းတို့နဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာပါ။ မြန်မာယူအသင်း နည်းပြ ဒေါ်သက်သက်ဝင်းကတော့ ဒီနေ့ပွဲမှာ ရှိခဲ့တဲ့ အမှားတွေကို ပြန်သုံးသပ်ပြီး လက်ကျန် ၂ ပွဲကို အာရုံစိုက်ကာ အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပြီး  လာရောက်အားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။
2 years Ago
Up