မြန်မာသင်္ကြန် ၃ ရက်အတွင်း လူ ၂၀ သေဆုံး

A d v e r t i s e m e n t With Us

April 16, 2016

မြန်မာသင်္ကြန် ၃ ရက်အတွင်း လူ ၂၀ သေဆုံး

မြန်မာသင်္ကြန်အကြို ဧပြီ ၁၂ ရက်ကနေ ဧပြီ ၁၄ ရက်ထိ ၃ ရက်အတွင်း လူ ၂၀ သေဆုံးခဲ့ပြီး ၁၆၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။ အဲ့ဒီကာလအတွင်း ခါးပိုက်နှိုက်မှု ၄၃ မှုနဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး အဲ့ဒီနောက်မှာ နာကျင်စေမှုနဲ့ ယာဉ်တိုက်မှုတို့ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ ဒီအတောအတွင်း ဧပြီ ၁၄ ရက်က ကရင်ပြည်နယ်၊ မြ၀တီမြို့ သောင်းရင်းမြစ်ထဲ ရေကစားရင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဘီးလူးကျွန်းကျေးရွာနေ မ၀ိုင်းဝိုင်းထွန်းနဲ့ မစိုးစိုး(ခ)မတင်တင်ထွန်းတို့ ညီအစ်မနှစ်ဦး ရေကစားရင်း ရေနစ်သေဆုံးခဲ့တာဖြစ်ပြီး သူတို့ကို လိုက်ကယ်ဆယ်တဲ့ အမည်မသိ အမျိုးသားတဦးတို့ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။  
5 years Ago
Up