မြန်မာသင်္ကြန်

April 16, 2018

ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသင်္ကြန်ပွဲတော် လူ ၂၀၀၀ ကျော်ဆင်နွှဲ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ မြန်မာလူမျိုးအများဆုံးနေထိုင်ရာ တခဒနော့ဘဘရှိ တိုယမ ပန်းခြံမှာ မနေ့က မြန်မာသင်္ကြန်ပွဲတော်ကို ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်းက ဦးစီးကျင်းပခဲ့ပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀၀၀ ကျော် လာရောက်ဆင်နွှဲခဲ့ကြပါတယ်။ ချီဘားခရိုင်က ၃ နာရီလောက် ရထားစီးလာရောက်ခဲ့သူ မောင်အောင်သူကတော့ အမိမြန်မာနိုင်ငံ ကို သင်္ကြန်တွင်းမပြန်ဖြစ်လို့ သင်္ကြန်အလွမ်းပြေ လာရောက်ပျော်တာလို့ ဒီဗွီဘီကို ပြောပါတယ်။ မြန်မာ့ရိုးရာ သင်္ကြန်အဆိုအကတွေနဲ့ ဆင်နွှဲခဲ့ကြသလို မြန်မာအစားအစာတွေ ရောင်းချကြတာကိုလည်း တွေ့ရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ဇော်ဇော်လှိုင်  
4 years Ago
Up